ဒီးမော့ဆိုတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံး

ဒီးမော့ဆိုတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော် စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဩဂုတ်လ ၆ ရက်) ညနေ ၆ နာရီဝန်းကျင်အချိန်တွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေ ဆုံးသွားသည့် အမျိုးသားသည် ကလေးငယ်သုံးဦး၏ ဖခင်တစ်ဦးဖြစ်ကာ နေရာမှာပင် လက်နက်ကြီး ထိမှန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“သေဆုံးသွားသူ အမျိုးသားတစ်ဦးက ကလေးငယ်သုံးယောက်ရဲ့ ဖခင်တစ်ဦးဖြစ်ပြီး နေရာမှာတင် လေယာဉ် ပေါ်က ပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်။”

စစ်အုပ်စု၏ ဂျက်ဖိုက်တာက စစ်ရှောင်စခန်းတစ်ခုကို သုံးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် အသက် ၇၀ ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရ သည်။

စစ်အုပ်စုတပ်က လေယာဉ်ဖြင့် တတိယအကြိမ်မြောက် ပစ်ခတ်ခဲ့သည့် ဗုံးစသည် စစ်ဘေးရှောင် ကလေးငယ် များ ပညာသင်ယူနေသည့် အလယ်တန်းကျောင်းဆောင်ကိုပါ ထိမှန်ခဲ့သဖြင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီး သွားခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်နေရာ၏ အနီးအနားရှိ ဒေါငံခါးကျေးရွာတွင် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်။

တိုက်ပွဲ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည့်အပြင် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးအပြင် ဒရုန်းများကိုပါ အသုံးပြု အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု စစ်ရှောင်များက ပြောသည်။

ဓာတ်ပုံ - ကန္တာရဝတီတိုင်း(မ်)

Most read this week

August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...
ထွန်းမြန်မာဒိုနေးရှင်း
August 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့်...
August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...