ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး

ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိမှန် သေဆုံးသွားခဲ့ပါတယ်။

လက်နက်ကြီးဟာ မနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်လောက်က ကျလာတာဖြစ်ပြီး နေအိမ်မျာ ပစ္စည်းပြန်ယူတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

“လက်နက်ကြီး ကျတဲ့အချိန်မှာ သူက ဆိုင်ကယ် မောင်းပြီးထွက်သွားတော့ နောက်ကနေထိတာလို့ ” နီးစပ်သူ တစ်ဦးက ပြောပါတယ်။

သူ့ကို ထိမှန်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့ အခြေစိုက် ခလရ (၁၀၂)တပ်ကနေပစ်တာ မဟုတ်ပဲ လောပိတဘက်က အမှတ် (၅၃၀) အမြောက်တပ်ရင်း ကနေပစ်တာလို့ ဆိုပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ အတွင်းမှာ စစ်ရှောင်အပါအဝင် ဒေသခံ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရပြီး (၁)ဦး သေဆူံးခဲ့တယ်လို့ သိရပါတယ်။

May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့်...
May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...