စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းစစ်ဦးစီးချုပ်တို့ သံတွဲသို့ရောက်ရှိလာ

စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းစစ်ဦးစီးချုပ်တို့ သံတွဲသို့ရောက်ရှိလာ

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat တို့သည် (၈) ကြိမ်မြောက် ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ကော်မတီအစည်းအဝေးကို တက်ရောက်ရန် ဇန်နဝါရီ ၁၉ ရက် နေ့လယ်က သံတွဲမြို့ကို ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "မနက် ၁၀ နာရီလောက်မှာ စစ်လေယာဉ်တွေနဲ့ အသီးသီး ပလာကြတာပါ။ ပြီးတော့မှ ရဲ၊ မော်တော်ပီကေ၊ စစ်တပ်တွေနဲ့ လုံးဝ လုံခြုံရေး အပြည့်နဲ့  သွားတာပါ။ တွေ့ဆုံတဲ့ ဟိုတည် အနီးအနားမှာလည်း မြန်မာစစ်သားတွေသာမက  ထိုင်းဘက်ကလည်း အရာရှိတွေလည်း ရှိနေပါတယ်"ဟု ပြောသည်။

(၈) ကြိမ်မြောက် ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ငပလီမြို့တွင် ၃ ရက်ကြာကျင်းပမည်ဟုလည်း သိရှိရသည်။  

ယခုတွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံစစ်တပ်ကြား စစ်ဘက်ဆက်ဆံရေ နှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပုံမှန် ညှိနှိုင်းဆွေးနွေးတစ်ခုလည်းဖြစ်ကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

လက်ရှိမှာ သံတွဲ နှင့် ငပလီမြို့များတွင် လုံခြုံရေးများအထူးတင်းကျပ်ထားကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

"အရင်တုန်းကဆို သမ္မတတွေ၊ အကြီးအကဲတွေလာရင် မှန်ဖွင့်ပြီး တာ့တာပြသွားတယ်။ အခုက ကားတွေကအများကြီး ဘယ်ကားမှာ ပါလို့ပါသွားမှန်းမသိ။ ကားတွေကတော့ ရှုပ်ယှက်ခတ်နေတာပဲ။ သူတို့ရှိတဲ့အနီးဝန်းကျင်မှာလည်း လုံခြုံရေးတွေက သိတဲ့အတိုင်း အနားတောင်ကပ်လို့ရတာမဟုတ်" ဟု ပြောသည်။

နောက်လာမည့်  ၉ ကြိမ်မြောက် အစည်းအဝေးကိုထိုင်းနိုင်ငံမှာကျင်းပမည်ဟု သိရသည်။

ယခုတွေ့ဆုံမှုအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် စစ်ကောင်စီ အရာရှိများသည် ရှေ့ပြေးအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်ကတည်းက စစ်တွေကနေ  သံတွဲသို့ ရောက်ရှိနေသည်ဟု ပြောသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...