စစ်တွေမြို့နယ်တွင် အမျိုးသမီး ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား

စစ်တွေမြို့နယ်တွင် အမျိုးသမီး ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်မူဆလင်ရွာ၌ ယမန်နေ့နံနက်ပိုင်းက အမျိုးသမီး ၂ ဦး အပါအဝင် (၄)လောင်းပြိုင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းလူသတ်မှုမှာ ဇန်နဝါရီလ ၁၇ရက်၊ နံနက် ၈နာရီကျော်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိသားစုဝင်အချင်းချင်း အမွေကိစ္စကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

အသတ်ခံရသူ ၄ယောက်မှာ ပလ္လင်ပြင်မူဆလင်ကျေရွာမှ ဦးဘော်ဒီရာမန် အသက် (၃၅)နှစ်၊ ဒေါ်ဖာတေဘာခါတူ (၅၅)နှစ်၊ ဦးဘော်ဆီရာမောက် (၃၆)နှစ်အရွယ်၊ ဒေါ်အာလီမာခါတူ (၃၇)နှစ် တို့ဖြစ်ကြသည်ဟု သိရသည်။

"ဒီ လေးလောင်းပြိုင်လူသတ်မှုမှာ အသတ်ခံရသူ  ၄ ယောက်စလုံးက မိသားစုအရင်းတွေပါ။ မိသား စုအမွေပြဿာနာဖြစ်နေတာကြာပြီလို့တော့သိရတယ်။ အဲ့ဒီအမွေကိစ္စနဲ့ပဲ ညီအရင်းဖြစ်သူတစ်ယောက် အပါအဝင် လူ ၆ယောက်က လူဒီသတ်မှုကို ကျူးလွန် ခဲ့ကြတာပါ" ဟု အသတ်ခံရသူများ၏ အလောင်းကို စစ်တွေမြို့၊ ပြည်သူဆေးရုံကြီးသို့ သွားရောက်သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုသာဂီဖြိုးက ပြောသည်။

အဆိုပါအသတ်ခံရသည့် လူ၄ယောက်သည် ဓားဖြင့်အချက်ပေါင်းများစွာခုတ်ခံရပြီး ခန္ဓာ ကိုယ်အနှံ့အပြားတွင် ဓားဒဏ်ရာအများအပြားရရှိခဲ့သည်ဟု သိရသည်။

"အသတ်ခံရတဲ့ လူ ၄ယောက်စလုံးမှာ တစ်ကိုယ်လုံးဒဏ်ရာအပြည့်ပဲ။ ဒဏ်ရာပြင်းလို့ သေသွားတာပါ။ ကျူးလွန်သူ ၆ယောက်ကတော့ ထွက်ပြေးသွားလို့ဖမ်းမမိသေးဘူးလို့သိရတယ်။ ရဲတွေလာရောက် စစ်ဆေးနေတာကိုတော့ ကျွန်တော်တို့အလောင်းသွားသယ်တုန်းကမြင်ခဲ့ပါတယ်" ဟု ကိုသာဂီဖြိုးက ပြောသည်။

အသတ်ခံရသူ ၄ယောက်၏ အလောင်းကို စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားလိုက်ကာ ၄လောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သည့် လူ ၆ယောက်မှာလည်း ထွက်ပြေးလွတ်မြောက်လျှက်ရှိသည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...