သံတွဲလေဆိပ်မှ စစ်ဘက်ဆိုင်ရာပစ္စည်းများကို ကားအစီး ၃၀ ခန့်ဖြင့် ခမရ ၅၅သို့ သယ်ယူပို့ဆောင်

သံတွဲလေဆိပ်မှ စစ်ဘက်ဆိုင်ရာပစ္စည်းများကို ကားအစီး ၃၀ ခန့်ဖြင့် ခမရ ၅၅သို့ သယ်ယူပို့ဆောင်

ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီကျော်က တပ်မတော်လေယာဉ်များဖြင့် သယ်ယူလာသည့် စစ်လက်နက်နှင့် အသုံးအဆောင်များဟု ယူဆရသည့် ပစ္စည်းများကို သံတွဲလေဆိပ်တွင် လုံခြုံရေးထူထပ်စွာချပြီး အမှတ် (၅၅) တပ်ရင်းသို့ ပြောင်းရွှေ့သယ်ယူခဲ့သည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

“ ကားအစီးရေက ၃၀ လောက်ရှိပါမယ်။ တပ်မတော်လေယာဉ်နဲ့  ပို့ဆောင်လာတဲ့ ပစ္စည်းတွေပါ။ စက္ကူပါကင်ပုံး အကြီးဆိုဒ်တွေနဲ့ ယူလာတာ။ လူတွေကတော့ အနီးကပ် မကြည့်ရဘူး။ ဖြစ်ဖို့များတာက လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေ ဖြစ်ဖို့များပါတယ်။ လေယာဉ်ကွင်းမှာ စစ်သားတွေ လုံခြုံရေး အပြည့်ယူထားတော့ လက်နက်နဲ့ ခဲယမ်းတွေဖြစ်ဖို့များပါတယ်” ဟု ၎င်းက ပြောသည်။

ပစ္စည်းများကို ပြောင်းရွှေ့စဉ် စစ်ကား ၅စီးဖြင့် သံတွဲ လေယာဉ်ကွင်းတွင် လုံခြုံရေး အပြည့်ချထားသည်ဟုလည်း ၎င်းက ပြောကြားသည်။

“ ကားတွေက အလှည့်ကျ တစ်စီးပြီး တစ်စီး သယ်ကြတာ။ တစ်စီးပြီးတစ်စီး။ ဒီမှာက အရင်မတူဘူး။ တိုက်ပွဲတွေကလည်း မြန်မာပြည် ဟိုမှာ ဖြစ်လိုက်၊ ဒီမှာဖြစ်လိုက်ဆိုတော့ ဒီလို စစ်ပစ္စည်းတွေ အများကြီး စစ်ကားတွေနြ့ သယ်တာ မြင်ရတော့ လူတွေကတော့ အနည်းနဲ့ အများ စိုးရိမ်စိတ်ဖြစ်မိတာပေါ့” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် ( AA)တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှု မရှိသော်လည်း ရက္ခိုင့်တပ်တော်က သံတွဲခရိုင်ထိ တိုးဖောက်မှုများ ရှိနေသဖြင့် စစ်ကောင်စီဘက်က သတိအနေအထားဖြင့် စောင့်ကြည့်မှုများရှိသလို အေအေ၏ အမာခံဟု ယူဆရသူများကို ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

၎င်းပြင် စစ်ကောင်စီသည် လက်ရှိ အေအေနှင့် အလွတ်သဘော အပစ်ရပ်ထားချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်စခန်းနှင့် တပ်ရင်းအသီးသီးတို့တွင် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကိုလည်း အကြီးအကျယ် ဖြည့်တင်းနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...