စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအတွက် မောင်တောမြို့နယ်တွင် လူဦးရေစာရင်းကို စတင်ကောက်ခံ

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲအတွက် မောင်တောမြို့နယ်တွင် လူဦးရေစာရင်းကို စတင်ကောက်ခံ

စစ်ကောင်စီက ယခုနှစ်သြဂုတ်လတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် မောင်တောမြို့ နယ်မှ ကျေးရွာတစ်ချို့တွင် ယနေ့မှ စတင်ကာ  လူဦးရေစာရင်း ကောက်ခံနေပြီ ဖြစ်ကြောင်း သိရှိရသည်။

“ ဒီမှာတော့ ကောက်နေကြပြီ၊ မူဆလင် ကျေးရွာတွေကိုလည်းကောက်တယ်။ မဲစာရင်းအတွက်လို့ ပြောတယ်။ အိမ် ထောင်စုစာရင်းနဲ့ ကောက်တာပါ” ဟု အောင်ဗလ ကျေးရွာသား တစ်ဦးကပြောသည်။

အလားတူ မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း လူစာရင်းကောက်ယူမှုမှာ မှန်ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ ဟုတ်ပါတယ်။ ဒီဘက်မှာ ကောက်နေပါတယ်။ အထွေထွေအုပ်ချုပ်ရေးဌာနက လူတွေနဲ့ ရပ်ကျေး အုပ်ချုပ်ရေးက ကောက်နေတာပါ” ဟု ၎င်းက ပြောသည်။

မောင်တောမြို့ပေါ်တွင်လည်း လူဦးရေစာရင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကောက်ခံမည်ဟု ကြေငြာခဲ့သော်လည်း လက်ရှိအချိန်အထိ ကောက်ခံမှု မရှိသေးကြောင်း မြေင်တောမြို့ခံ တစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် စစ်တပ်က စာရင်းကောက်ယူရန် အထွေထွေအုပ်ချုပ်ရေးဌာနကို ပြောဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကောက်ယူမှု မရှိသေးကြောင်း မင်းပြားဒေသခံ တစ်ဦးကပြောသည်။

“မြို့ထဲမှာတော့ စစ်တပ်က ကောက်ခိုင်းနေတယ်လို့ပြောနေကြတာ ရှိတယ်။ ရွာတွေဘက်မှာတော့ ကောက်တာ မရှိသေးဘူး။ အုပ်ချုပ်ရေးမှူးကလည်း အဲဒီအကြောင်း ရွာသားတွေကို တခုမှမပြောသေးဘူး”  ဟု ပြောသည်။

ရခိုင်ပြည်တစ်ခုလုံး လူဦးရေစာရင်းကို အိမ်ထောင်စုစာရင်းနှင့် အိမ်တိုင်ယာရောက် ကောက်ယူရန် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် လူပေါင်း ၁၀၉ ဦးကို တရက်ကြာ သင်တန်းပေးခဲ့ သည်။

လူပေါင်း ၆၀၀၀ ကျော်ကို အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့ပြီး ရခိုင်ပြည်ရှိ မြို့နယ်အားလုံးနှင့် ပလက်ဝမြို့နယ်တို့တွင် တစ်ပြိုင်တည်း လူဦးရေစာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ကောက်ယူမည်ဟု ရခိုင်ပြည်နယ်ကောင်စီ အဖွဲ့ ဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကလည်း သူ့လူမှုကွန်ယက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေးသား ခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ်က ကျေးရွာများတွင်လည်း လူဦးရေစာရင်း ကောက်ယူမှုမရှိသေးကြောင်း ဒေသခံတစ်ယောက်က ပြောသည်။

“ မရှိဘူး။ အဲဒီကြောင်း ဘာမှလုပ်တာ မတွေ့ရသေးဘူး။ ကောက်၊ မကောက်ဆိုတာ ရွာကအုပ်ချုပ် ရေးမှူး ဘဲသိမယ်။ အနီးအနားက ရွာတွေမှာလည်း ကောက်တယ်လို့တော့ မကြားမိဘူး” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်ဘက်တွင်လည်း စာရင်းကောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကောက်ခံမှု မရှိသေးကြောင်း ဒေသခံများကပြောသည်။

Most read this week

December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...