မောင်တော နယ်ခြားစောင့်စခန်းတစ်ခုတွင် အချင်းချင်းကစားသည့် ဖဲဝိုင်းအတွင်း လက်ပစ်ဗုံး ပစ်ထည့်လိုက်၍ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

မောင်တော နယ်ခြားစောင့်စခန်းတစ်ခုတွင် အချင်းချင်းကစားသည့် ဖဲဝိုင်းအတွင်း လက်ပစ်ဗုံး ပစ်ထည့်လိုက်၍ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းတစ်ခု၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင် အချင်းချင်းကစားနေသည့် ဖဲဝိုင်းတစ်ခုတွင်ရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦးက ဖဲဝိုင်းအတွင်းသို့ လက်ပစ်ဗုံးကို ပစ်ထည့်လိုက်သဖြင့် နယ်ခြားစောင့် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသူ ၂ ဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဒုံးညိုနယ်ခြားစောင်စခန်းမှ ဒုတပ်ကြပ် သက်ပိုင်းထွန်းနှင့် ဒုတပ်ကြပ်လင်းလင်းတို့ဖြစ်ပြီး နောက်ထပ် ၅ ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြသည်ဟု သိရသည်။

သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ညက ဖဲဝိုင်းပြုလုပ်ကစားကြစဉ် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ နယ်ခြားစောင့် ဒုတပ်ကြပ်လင်းလင်းက သူ၏လက်ပစ်ဗုံး စနက်တံကိုဖြုတ်ပြီး ဖဲဝိုင်းအတွင်း ပစ်ထည့်လိုက်သဖြင့်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ဖြစ်တာကတော့ ၆ ရက်နေ့ကနေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီဘက်တွေကျတော့ ဖုန်းလိုင်းတွေလည်း မမိဘူး။ ဆက်သွယ်ရခက်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းမှ ဒီသတင်းကို သိရတာ”ဟု ပြောသည်။

သေဆုံးသွားသူ ၂ ဦးအနက် ဒုတပ်ကြပ် သက်ပိုင်းထွန်းမှာ လည်ပင်း၊ ရင်ဘတ်နှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး ဒုတပ်ကြပ် လင်းလင်းမှာ ခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ဦးအနက် ၄ ဦးမှာ စိုးရိမ်ရပြီး ၃ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားကာ ကျန် ၂ ဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုစခန်းတွင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

ဒုံးညိုနယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့် အင်အား ၁ဝဝ ကျော်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...