စစ်တွေမြို့ တွင် အိမ်စီးကားတစ်စီးပေါ်၌ အမျိုးသားသုံးဦးကို သေနတ်ဒဏ်ရာများဖြင့်သေဆုံး၍တွေ့

စစ်တွေမြို့ တွင် အိမ်စီးကားတစ်စီးပေါ်၌ အမျိုးသားသုံးဦးကို သေနတ်ဒဏ်ရာများဖြင့်သေဆုံး၍တွေ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက်၊ ဆီတန်းနားတွင် ယနေ့နံနက် ၇ နာရီကျော်ခန့်က အိမ်စီးကားတစ်စီးပေါ်၌ အမျိုးသားသုံးဦးကို သေနတ်ဒဏ်ရာနှင့်သေဆုံးလျက်တွေ့ရကြောင်း သတင်းရရှိသည်။

အဆိုပါကားကို စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းနား ငါးစိုင်းရိုင်းကျောင်းရှေ့နားနံရံတွင် ထိုးရပ်နေ၍ ကားမတော်တဆဖြစ်သည်ဟုထင်၍ လူမှုကူညီရေးအသင်းများထံသို့ အနီးအနားရှိ ဒေသခံများမှ ဖုန်းဆက်သတင်းပေးလာသဖြင့် သွားရောက်ကြည့်ရှုစဉ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု မျက်မြင် တစ်ဦးက ပြောဆိုသည်။

သေနတ်ဒဏ်ရာနှင့် သေဆုံးနေကြသည့် ဒေသခံသုံးဦးသည် အသက် သုံးဆယ်ကျော်ဝန်းကျင်နှစ်ဦးနှင့် နှစ်ဆယ်ကျော်ဝန်းကျင်တစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို အတိအကျ စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

"နဖူးမှာကျည်ပေါက်ဒဏ်ရာတွေရှိပါတယ်။ အခြားဒဏ်ရာတွေတော့မရှိဘူး။ အက်ဆီးဒန့် ဖြစ်တယ်ဆိုပြီး ခေါ်လို့သွားကြည့်ခဲ့တာပါ။ ကားကလမ်းဘေးကမြောင်းမှာဆင်းနေပါတယ်။ နံရံမှာမကျတကျ။ ဘယ်အဖွဲ့ကဘယ်လိုပစ်သွားလဲကျနော်တို့လည်းမသိပါဘူး" ဟုပြောသည်။

လက်ရှိတွင် အဆိုပါသေနတ်ဒဏ်ရာနှင့်သေဆုံးနေသည့် အလောင်းများကို စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရန်လုပ်ဆောင်နေကြကြောင်း သိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...