၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ အပစ်အခတ်ရပ်စဲထားမည်ဟု စစ်ကောင်စီထုတ်ပြန်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ အပစ်အခတ်ရပ်စဲထားမည်ဟု စစ်ကောင်စီထုတ်ပြန်

စစ်ရေးလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲထားမည်ဟု ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက် နေ့စွဲဖြင့် စစ်ကောင်စီမှ ထုတ်ပြန်သည်။

လက်တွေ့ကျသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာ၀ရငြိမ်းချမ်းရေးတို့ ရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများအား နှောင့်ချက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တစ်နှစ်ရပ်စဲထားမည်ဟု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာအလင်းသတင်းစာတွင် ဖော်ပြသည်။

တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းမှု ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်းအဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီ၏ တစ်နှစ်တာ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ချိန်တွင် မြန်မာပြည် အလယ်ပိုင်းနှင့် ချင်း၊ ကချင်၊ ကရင်ပြည် နယ်တို့တွင် စစ်ကောင်စီတပ် ထိုးစစ်များပြုလုပ်နေပြီး စစ်ကြောင်းများက လူနေ ရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်တိုက် ခိုက်မှု ရပ်စဲရေးအတွက် ကြေငြာချက် (၂၁) ကြိမ်ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလက် နက်ကိုင်များကို အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် လျှပ်တစ်ပြက် လေကြောင်းတိုက် ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...