ထားဝယ်မှာ PDF ပူးပေါင်းတပ် သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ

ထားဝယ်မှာ PDF ပူးပေါင်းတပ် သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ဝကုန်းကျေးရွာနဲ့အနီးဝန်းကျင်မှာ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းခံလိုက်ရတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၃၀၀၀ လောက်ဟာ ဝကုန်းကျေးရွာ အနီးပတ်ဝန်းကျင်ကို တောနင်းရှာဖွေစဉ် ထားဝယ်အရှေ့တော PDF ပူးပေါင်းတပ်ဖွဲ့ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိပြီးနောက် သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သိမ်းဆည်းသွားတဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၆၀ မမ အလုံး ၄၀ ၊ လက်လုပ်မိုင်း အလုံး ၂၀ ကျော်၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၉ လုံးကျည် ၁၀၀၀ တောင်နီးပါး၊ ယမ်းနဲ့ဆက်စပ်ပစ္စည်း ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော်ဖိုးပါသွားတယ်လို့ ဆိုပါတယ်။

ထားဝယ်အရှေ့တော EDF-PDF တာဝန်ရှိသူကတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ခံလိုက်ရပေမယ့် စစ်အုပ်စု ပြုတ်ကျရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ဆက် လက်ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းတာပါ။

ဝကုန်းကျေးရွာနဲ့အနီးဝန်းကျင်ကို တောနင်းရှာဖွေပြီး လက်နက်ခဲယမ်းတွေ သိမ်ဆည်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ခရီးစဉ် လုံခြုံရေးလာယူစဉ် ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဝကုန်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်တွေကိုလည်း ဝင်ရောက် မွှေနှောက်ပြီးနောက် တန်ဖိုးရှိ စ္စည်းတွေအပြင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကိုပါ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးချုပ်ဦးမြတ်ကို ခရီးစဉ်လုံခြုံရေးလာယူပေးတဲ့ စစ်ကောင်စီ စစ် ကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...