KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်က စစ်ကောင်စီတပ်သား ၂ ဦးဟာ KNLA တပ်မဟာ(၁)ထံ ဝင်ရောက်ခိုလှုံလာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စကစ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ရင်း ရှေ့တန်းစခန်းက တပ်သား ၂ ဦးဖြစ်တဲ့ တပ်သား သန်းဇော်ထွန်းနဲ့ တပ်သား ထွန်းထွန်းတို့ဟာ KNLA တပ်မဟာ (၁)ထံ လက်နက်မဲ့ လာရောက်ခိုလှုံခဲ့တာပါ။

KNLA တပ်မဟာ(၁) ထံ လာရောက်ခိုလှုံခဲ့တဲ့ တပ်သား ၂ ဦးကို လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းထားပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လာရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကိုတော့ သုံးစွဲဖို့အတွက် တစ်ဦး ငွေကျပ် တစ်သိန်းခွဲစီ ထောက်ပံ့ပေးအပ်ထားသလို နောက်ပိုင်းမှာ သူတို့ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ(၁)ထံ စစ်တပ် အာဏာသိမ်းပြီးနောက် ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၅၀ ကျော်ထိရှိနေပြီလို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...