KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်က စစ်ကောင်စီတပ်သား ၂ ဦးဟာ KNLA တပ်မဟာ(၁)ထံ ဝင်ရောက်ခိုလှုံလာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စကစ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ရင်း ရှေ့တန်းစခန်းက တပ်သား ၂ ဦးဖြစ်တဲ့ တပ်သား သန်းဇော်ထွန်းနဲ့ တပ်သား ထွန်းထွန်းတို့ဟာ KNLA တပ်မဟာ (၁)ထံ လက်နက်မဲ့ လာရောက်ခိုလှုံခဲ့တာပါ။

KNLA တပ်မဟာ(၁) ထံ လာရောက်ခိုလှုံခဲ့တဲ့ တပ်သား ၂ ဦးကို လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းထားပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လာရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကိုတော့ သုံးစွဲဖို့အတွက် တစ်ဦး ငွေကျပ် တစ်သိန်းခွဲစီ ထောက်ပံ့ပေးအပ်ထားသလို နောက်ပိုင်းမှာ သူတို့ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ(၁)ထံ စစ်တပ် အာဏာသိမ်းပြီးနောက် ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၅၀ ကျော်ထိရှိနေပြီလို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...