လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ လူငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ လူငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ် ၊ ပြည်သူ့ဆေးရုံကြီးအနားဝန်းကျင်မှာ စစ်ကောင်စီတပ်က ရည်ရွယ် ချက်ရှိရှိ သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူငယ် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှား သပိတ်ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမှု မခံချင်တာကြောင့် ပြန်လှည့်သွားတဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ကားနဲ့လိုက်လံ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်နဲ့လာတဲ့ လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ကားနဲ့ လိုက်လံပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သဗျာကျေးရွာဘက်ကနေ လောင်းလုံးမြို့ပေါ်ကို ဆိုင်ကယ်နဲ့ လာတဲ့ အသက် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ နဲ့ အသက် ၁၂ နှစ်အရွယ် ညီမဖြစ်သူ မယွန်းပြည့်သဇင်တို့ကိုလည်း ထိမှန်ခဲ့တာပါ။

မောင်အောင်ဝေယံဟာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာကြောင့် နေအိမ်ပြန်အရောက်မှာ သေဆုံးခဲ့သလို ညီမဖြစ်သူ မယွန်းပြည့်သဇင်ကတော့ ပေါင်မှာ ကျည်ဆံ ဖြတ်မှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုအပြင် လက် နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးထားတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...