ကျိုက်မရောမြို့နယ်က တောင်ကလေး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေ

ကျိုက်မရောမြို့နယ်က တောင်ကလေး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ဒီကနေ့ နိုဝင်ဘာ (၂၁) ရက်နေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ နံနက်(၅)နာရီအချိန်မှာ တောင်ကလေး-ကျွန်းရွာ-မုဒုံ လမ်းမပေါ် တောင်ကလေးကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ကာ ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။

"တောင်ကလေးရဲစခန်းကို ဝင်ပစ်တယ်လို့ ပြောတယ်။ နောက် လေယာဉ်ပျံနဲ့လည်း လာပစ်တယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံတွေကို ဒေသခံတွေကြားနေရပြီး မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမကြီးနဲ့ တောင်ကလေး-ခလယ်တံခွန်တိုင် လမ်းပိုင်းမှာလည်း အသွားအလာတွေ သတိပြုကြဖို့ ဒေသခံတွေက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့ကလည်း မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးရာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးအဖမ်းခံရမှုတွေ ရှိနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...