သထုံမြို့နယ်မှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်နေ

သထုံမြို့နယ်မှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်နေ

စစ်ကောင်စီ ဒုတပ်ရင်းမှူး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည်ပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၆ မနက်ပိုင်းကစပြီး သထုံမြို့နယ်အတွင်းမှာ သံချပ်ကားတွေ အပါ အဝင် ကား ၁၃ စီးပါယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီရဲ့သံချပ်ကားယာဉ်တန်းဟာ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ဝင်းစိန်ကျေးရွာအနီးမှာ မိနစ် ၂၀ နီးပါးအကြာ လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဝင်းစိန်ကျေးရွာ ပတ်ဝန်ကျင်းမှာ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အ တွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့သံချပ်ကားယာဉ်တန်းဟာ နေ့လယ် ၁၂ နာရီလောက်မှာတော့ သထုံမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဝင်းစိန်ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ဒေသခံပြည်သူ တစ်ဦးကို ဖမ်းဆီးပြီး ပြန်လာတဲ့ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနဲ့ တပ်ဖွဲ့ဝင် ၃ ဦးဟာ သထုံမြို့နယ်(ပကဖ)အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...