စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၃) ဦးပြန်လွတ်လာ

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၃) ဦးပြန်လွတ်လာ

အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့ ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားတွေကို နိုင်ငံချင်းသံတမန်ဆက်ဆံရေး ကိုရှေ့ရှု့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ဒီနေ့နိုဝင်ဘာလ(၁၇) ရက်နေ့မှာ ကျရောက်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၆၀၀၀) နီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာ ထားတာပါ။

လွတ်ငြိမ်းသက်သာခွင့်မှာပါတဲ့ အကျဉ်းသူ စုစုပေါင်း (၅၇၇၄) ဦးရှိပြီး အကျဉ်းသား (၃၁) ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ အနုပညာရှင် (၁၁) ဦးကိုလည်း အမှုတွေပိတ်သိမ်းလိုက် တယ်လို့ ဆိုထားပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လည်း ပါဝင်တယ်လို့ ကနဦး သတင်းတွေအရသိရပေမယ့် အတည်မပြုနိုင်သေး ပါဘူး။

လွတ်ငြိမ်းသက်သာနဲ့ ပြန်လွှတ်ပေးခဲ့သူတွေကို နောက်တစ်ကြိမ်ပြစ်ဒဏ်ကျူးလွန် ရင်လက်ရှိ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်ဆိုတဲ့ အချက်နဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...