တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာနဲ့ ဗောဓိကမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) က ထုတ်ပြန်ပါတယ်။

မော်တုန်းကျေးရွာ အနောက်ဘက်ကမ်းကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၅၅၇၊ ခမရ ၅၅၈ တပ်တွေနဲ့ မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၂)၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့အပါအဝင် ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ အချိန် ၄ နာရီနီးကြာမြင့်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သလို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ကလည်း PDF ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်က ဗောဓိကမ်းကျေးရွာ တံတားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က သွားရောက် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်က အထိ အခိုက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းကောက်ယူမရဲသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင် ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာပါ။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...