ကန့်ကွက်မှုတွေ ရှိနေပေမယ့် မွန်ပြည်သစ်ပါတီ စစ်ကောင်စီနဲ့ တတိယအကြိမ် သွားတွေ့

ကန့်ကွက်မှုတွေ ရှိနေပေမယ့် မွန်ပြည်သစ်ပါတီ စစ်ကောင်စီနဲ့ တတိယအကြိမ် သွားတွေ့

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်တွေ ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီဟာ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ နေပြည်တော်မှာ တတိယအကြိမ် ငြိမ်းချမ်းရေး လာရောက် ဆွေးနွေးနေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦဆောင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးနေတာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အရင်ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ဇယား ၂ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဥပဒေပြုစာရင်းအပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) နဲ့(၃)တို့ပါ သဘောတူညီချက်တွေကို ထပ်မံဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ဒုတိယနေ့ကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဆက်လက်ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်း (၁၀) ဖွဲ့ကတော့ စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက် ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အိတ်ဖွင့်စာပေးပို့ထားပါတယ်။

ဒါပေမယ့် မွန်ပြည်သစ်ပါတီကတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ တတိယအကြိမ် ထပ်မံ သွားရောက် ဆွေးနွေးနေပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေထဲမှာ အကြိမ်ရေ အများဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးတာဟာ လူထုဆန္ဒကို မထီမဲ့မြင် ပြုတာလို့ မွန်လူငယ်တွေက ဝေဖန်ထားပါတယ်။

စစ်ကောင်စီနဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးသွားရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူထံ သံလွင်တိုင်းမ်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...