ဇင်းကျိုက်မြို့မီးလောင်မှု လူ (၄) ဦးသေဆုံး

ဇင်းကျိုက်မြို့မီးလောင်မှု လူ (၄) ဦးသေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၄ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ(၄)ဦးသေဆုံးခဲ့ပြီး နေအိမ်(၈)လုံး ဆုံးရှုံးခဲ့တယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက သံလွင်တိုင်းမ် ကိုပြောပါ တယ်။

ဖြစ်စဉ်မှာမနက် ၃ နာရီ မိနစ် ၅၀ ခန့်က ဇင်းကျိုက်မြို့ ဘုံကျောင်းလမ်းက မောင်လင်းထွန်း နေအိမ် မှာ ဖယောင်တိုင်မီးကနေဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် နေအိမ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးမှာ မီးကူးစက် လောင် ကျွမ်းကာ သေဆုံးသွားတဲ့အပြင် နေအိမ် ၈ လုံးလည်း မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ် ဦးစီးမှူးက ပြောပါတယ်။

“ အဲဒီအိမ်က စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသားတစ်ယောက်က မနက်အစောကြီး ဖယောင်းတိုင်မီး ထွန်းထားပြီး အိပ်ပျော်နေတာဖြစ်မယ်၊ သူ့အိမ်ကနေတဆင့် အိမ် ၈ လုံး မီးလောင်ကျွမ်းသွားတယ်၊ ပြီးတော့ သူအပါအဝင် အမျိုးသမီးသုံးယောက်လည်း မီးထဲပါသွားတယ် သေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ် အရွယ်အမျိုးသမီးတစ်ဦးနဲ့ ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မီးလောင်မှု စတင်ဖြစ်ပွားတဲ့အချိန်တစ်နာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သိန်းတစ်ရာခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှု အရသိရပါ တယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ မီးလောင်မှု ဖြစ်ပွားတဲ့အချိန်ဟာ ပြည်သူတွေ အပြင်ထွက်သွားလာ ပြီး မီးဝိုင်းဝန်းငြိမ်းသတ်ပေးဖို့ ခက်ခဲနေတာကြောင့် မသေဆုံးသင့်ဘဲ လူတွေ သေဆုံးသွား ခဲ့ရတယ် လို့ ပြည်သူတွေ အကြားမှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓါတ်ပုံ - MFSD

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...