လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု သိမ်းဆည်းခံရ

လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု သိမ်းဆည်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဲပုံရွာအနီးက LLPDF စခန်းတစ်ခုကိုစစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားသလို လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လောင်းလုံး PDF တပ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းဝင်ရောက်လာပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

စခန်းထံ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းအများအပြား ဆင်ထားခဲ့ပေမယ့် အလှူ ပွဲသွားလာနေသူ ပြည်သူတွေကြောင့် မိုင်းခွဲမယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး စခန်းကိုပါ လက်လွှတ်ပေးလိုက်ရတာလို့ လောင်းလုံး PDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းသိမ်းဆည်းပြီးနောက် စခန်းအတွင်း ဆိုင်ကယ် ၃ စီးရဲ့ ဆီတိုင်ကီနဲ့ အင်ဂျင်ဝိုင်ထည့်တဲ့နေရာတွေကို ဆားတွေထည့်ပြီး ဖျက်ဆီးခဲ့သလို စခန်းတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတာပါ။

\

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စခန်းအတွင်းရှိ လက်လုပ်သေနတ်အချို့၊ မိုင်းအလုံး ၃၀ ကျော်အပါ အဝင် စားနပ်ရိက္ခာတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတာ ဖြစ်ပါတယ်။

စခန်းသိမ်းခံလိုက်ရပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေ လုံခြုံဘေးကင်းတဲ့ နေရာကို ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီစခန်းသိမ်းခံလိုက်ရတဲ့ ဖြစ်စဉ်ဟာ ပြည်သူတွေကြောင့် မိုင်းဆွဲမယ့် အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ရောနှောသွားလာတာတွေ မလုပ်ဘဲ ဝေးဝေးကနေ ရှောင်ရှားပေးကြဖို့ လောင်းလုံး PDF က မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...