မင်းပြားတွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA က ကြားဖြတ်တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ရဟတ်ယာနှင့်ပါ စစ်ကူတိုက်ခိုက်

မင်းပြားတွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA က ကြားဖြတ်တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ရဟတ်ယာနှင့်ပါ စစ်ကူတိုက်ခိုက်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့နံနက်က စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ရဟတ်ယာဉ် တစ်စီးနှင့်ပါ စစ်ကောင်စီက စစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့တွင်တက်လာသည့် စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဇက်ရေယာဥ်များနှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ခဏအကြာတွင် စစ်ရဟတ်ယာဥ်တစ်စီးကပါလာရောက်၍ စစ်ကူပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "အပြန်အလှန် မိနစ် ၄၀ လောက်ဖြစ်ခဲ့ကြပါတယ်။ စစ်ရဟတ်ယာဥ်လည်း ခဏလေးအတွင်းမှာ ရောက်လာပြီး ပစ်တယ်"ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်ပြီးနောက် ၁၀ နာရီခွဲခန့်တွင် ယခုဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်ကို မင်းပြားရှိတပ်ရင်းဘက်က လက်နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး အထိအခိုက်များ လောလောဆယ်မရှိသေးဟုလည်း ဆိုသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက်ကလည်း စစ်တွေဘက်မှလာသည့် စစ်တပ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် ဇက်ရေယာဉ်နှင့် စစ်ရဟတ်ယာဉ်တို့ကပါ အနီးအနား ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်ခဲ့၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...