စစ်တွေတွင် လွတ်မြောက်လာသည့် စစ်ရှောင်စခန်းတာဝန်ခံ ထပ်မံဖမ်းဆီးခံရ

စစ်တွေတွင် လွတ်မြောက်လာသည့် စစ်ရှောင်စခန်းတာဝန်ခံ ထပ်မံဖမ်းဆီးခံရ

ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ခံဖြစ်သူကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ထပ်မံဖမ်းဆီးခံလိုက်ရသူမှာ အသက် ၅၈ နှစ်အရွယ် ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသာဟန် ဖြစ်သည်။

၎င်းကို ဇူလိုင်လ ၂၁ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် အင်အား ၇ ဦးခန့်ပါဝင်သည့် စစ်တပ်က ကားတစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဒကစကို ခေါ်သွားတာတဲ့။ သူနေမကောင်းလို့ ကားပေါ်ကို စစ်သား ၂ ယောက်ချီပြီး ခေါ်တင် သွားတယ်လို့ ပြောကြတယ်။ အရင်တစ်ခေါက်ဖမ်းခံရလို့ ပြန်လွှတ်လာတာတောင် မကြာသေးဘူး။ ထပ်ဖမ်း သွားတာ” ဟု ပြောသည်။

ဦးသာဟန်သည် ယခင်ကတည်းက ကျန်းမာရေးမကောင်းသူဖြစ်သဖြင့် ယခုကဲ့သို့ ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခြင်း အပေါ် မိသားစုဝင်များက အထူးစိုးရိမ်လျက်ရှိသည်။

ဒေသခံ တစ်ဦးက “မိသားစုတွေက သူကျန်းမာရေးမကောင်းဘူး ပြောလို့ သူတို့ ဆေးကုပေးမယ်။ မေးမြန်းစရာ ရှိသေးတယ်ဆိုပြီး ဖမ်းခေါ်သွားတာ” ဟု ဆက်ပြောသည်။

ဦးသာဟန်ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက် စစ် ဆေးပြီး ဖမ်းဆီးသွားခဲ့ဖူးသည်။

၎င်းကို ဖမ်းဆီးပြီး ၇ ရက်အကြာ ဇွန်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ပြန်လည်လွှတ်ပေး ခဲ့ရသော်လည်း ယခုအခါ စစ်တပ်က ထပ်မံဖမ်းဆီးကာ ဒကစသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...