ကျောက်စိမ်းလုပ်ကွက်ထဲ စစ်ကောင်စီ ဝင်စီးစဥ် ဖမ်းခံလိုက်ရသည့် ပြည်သူ ၂၀ ကျော်ပြန်မလွတ်သေး

ကျောက်စိမ်းလုပ်ကွက်ထဲ စစ်ကောင်စီ ဝင်စီးစဥ် ဖမ်းခံလိုက်ရသည့် ပြည်သူ ၂၀ ကျော်ပြန်မလွတ်သေး
ဖားကန့် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်တစ်နေရာ မြင်ကွင်း
ဖားကန့် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်တစ်နေရာ မြင်ကွင်း

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရှိ  ကျောက်စိမ်း ကုမ္ပဏီကြီး သုံးခု၏ လုပ်ကွက်များကို စစ်ကောင်စီ အင်အားသုံး ဝင်စီးစဥ် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၂၀ ကျော် ပြန်မလွတ်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်အား ၁၂၀ ခန့်ပါသော စစ်ကောင်စီတပ်သည် Ever ကျောက်စိမ်းတူးဖော်ကုမ္ပဏီ၊ မြယမုံ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီနှင့် အခြားကုမ္မဏီတစ်ခု  (အမည်စုံစမ်းဆဲ) ကျောက်စိမ်းလုပ်ကွက်များသို့ ဝင်စီးပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိူးသားတစ်ဦးက KNG ကို ပြောသည်။

''၁၅ ရက်နေ့ ညနေ ၂ နာရီလောက်မှာ ဝင်စီးတာ သေနတ်တွေပစ်ဖောက်ပြီးမှဝင်စီးတာ။ အဓိကဆိုဒ် ၃ ဆိုဒ်ကိုဝင်စီးတာဗျ မတူးခိုင်းတာကို ခိုးတူးနေလို့ ဝင်စီးတာတဲ့။ လူ ၂၀ ယောက်ဖမ်းသွားတယ်တဲ့ အဲ့မှာတာဝန်ခံလို့ ယူဆရတဲ့သူတွေဖမ်းခံရတာ ဒီနေ့ထိတော့ ပြန်မလွတ်ဘူး'' ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၂၀ ကျော်သည် အမျိုးသားများဖြစ်ကြပြီး ကျောက်စိမ်းကုမ္ပဏီနှင့် ဆက်စပ်တာဝန်ရှိသူများ ဖြစ်သည်ဟု ဆိုသော်လည်း မည်ဝါဖြစ်ကြောင်းကို စုံစမ်းနေဆဲဖြစ်သည်။

ကုဋေမှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်များ ရပ်နားနေသည်မှာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းကဖြစ်ပြီး ရပ်နားခြင်းမရှိပဲ ဆက်တူးနေသည့်အတွက် အဆိုပါ ကုမ္ပဏီ ၃ ခုကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ကျောက်စိမ်းလုပ်ကွက်သုံးခု၏ ဧရိယာပတ်လည်တွင် စစ်ကောင်စီတပ်မှ အစောင့်များချထားပြီး ကျောက်စိမ်းတူးဖော်မှုများလည်း ရပ်နားနေသည်ဟု သိရသည်။

Photo - ဖားကန့် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်တစ်နေရာ မြင်ကွင်း

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...