ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၄ ခုမှ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်မှစတင်ကာ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် နတ်လင်း၊ နောက်လတ်ကြီး၊ ဝင်ဝရွာ စသောကျေးရွာတို့တွင် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦး KNG ကိုပြောသည်။

“စစ်ရှောင်တွေက ရွှေကူဘက်ကို မနေ့က နေ့လည်ပိုင်းကနေရောက်လာကြတယ်။ အခုလောလောဆယ်က ဘုန်းကြီးကျောင်းတွေထဲမှာ တည်းခိုနေကြတယ်။ အခုဒီမှာက ၂၀၀ ဝန်းကျင်လောက်ရှိပြီ။ ကျန်တဲ့ သူတွေက အသိမိတ်ဆွေအိမ်တွေမှာ ရှိနေကြတယ်။ တစ်ချို့ကတော့ မိုးကင့်ဘက်ကို ရှောင်သွားကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းဝင်းတွင် ၁၉၆ ဦးနှင့် မိုးကင့်ကျေးရွာရှိ ရွာဘုန်းကြီးကျောင်းတွင် ၃၁၉ ဦး စုစုပေါင်း စစ်ရှောင်လူဦးရေ ၅၁၁ အထိရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ်မှ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ရွှေကူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နတ်လင်းနှင့် နောင်လတ်ကြီးကျေးရွာအနီးတွင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ ည ၁၂ နာရီဝန်းကျင်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နောင်လင်းနှင့် နောင်လတ်ကြီး ကျေးရွာတို့သည် ရွှေကူမြို့နှင့် ၁၀ မိုင်ကျော်ခန့်အကွာတွင် ရှိသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ရွှေကူနယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်တပ်စွဲနေထိုင်ခဲ့သောကြောင့် ပြည်သူ ၄၀၀ ကျော် ၂ ပတ်ခန့်အထိ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။



Photo - စစ်တင်ဘာလ ၂၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးစစ်နှင့်ကျွန်းတော် ကျေးရွာ ၂ ရွာမှ ပြည်သူများ ရွှေကူမြို့သို့ ထွက်ပြေတိမ်းရှောင်ခဲ့ရသည့် မြင်ကွင်း

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...