အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီဖမ်းဆီး

အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးနေသည့် ဘက်ဟိုး ၆၇ စီး ကို စစ်ကောင်စီတပ်မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၆ရက်နေ့တွင် အင်းတော်ကြီးဒေသ မမုံနှင့်မိုင်းနောင် ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုးယာဉ်များကို စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“အခုချိန်အထိဖမ်းထားတုန်းပဲရှိသေးတယ် ပိုင်ရှင်မဲ့ဆိုပြီး ဖမ်းတာ ပိုင်ရှင်တွေကိုတော့ ဖမ်းမမိဘူး။ သူတို့က တခြားစက်တွေ ဖမ်းတာမရှိဘူး။ ဘက်ဟိုး တွေပဲလိုက်ဖမ်းတာ”ဟုပြောဆိုသည်။

ဖမ်းဆီးခံလိုက်ရသည့် ဘက်ဟိုးယာဉ် များသည် ဟိုပင်-ဖားကန့်  ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် လမ်းနှင့် ၁၅ ပေခန့်အကွာတွင်သာ ရွှေတူးဖော်နေသောကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်သည်ဟု သူက ဆက်လက်သုံးသပ်ပြောဆိုသည်။

“လက်လုပ်လက်စားတွေကတော့ ဝမ်းသာတာပေါ့ လုပ်ငန်းရှင်ကြီးတွေက စိတ်မကောင်းဖြစ်နေမယ်သေချာတယ်။ ဘာလို့လဲဆိုတော့ ဟိုပင်နဲ့ ဖားကန့်သွားတဲ့ လမ်းမကြီးကပျက်တော့မှာ မဖမ်းရင်လည်းမရတော့ဘူး။ လမ်းနဲ့ ၁၅ ပေလောက်ပဲကျန်တော့တယ်လေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မမုံကိုင်နှင့်မိုင်းနောင်ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များသည် ရာဂဏန်းအထိရှိနေပြီး ဘက်ဖိုးများ ဖမ်းဆီးခံရမှုကြောင့် အောက်တိုဘာလ ၆ရက်နေ့မှစပြီး ရွှေတူးဖော်မှုများ ရပ်နားထားဆဲဖြစ်ကြောင်းသိရသည်။

အင်းတော်ကြီးဒေသတွင် ယခင်က လက်လုပ်လက်စား တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုသာရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှုများ အလွန်များပြားလာကြောင်း ဒေသခံများပြောဆိုသည်။

Photo - FB(ပုံဟောင်းအသုံးပြုထားသည်)

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...