နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
ရှမ်းပြည်မြောက်ပိုင်း တစ်နေရာတွင် မြင်တွေ့ရသည့် KIA စစ်သည်များ
ရှမ်းပြည်မြောက်ပိုင်း တစ်နေရာတွင် မြင်တွေ့ရသည့် KIA စစ်သည်များ

ရှမ်းမြောက် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ္မတူမြို့နယ် ဆင်လီကောင်ရာ ကျေးရွာအနီး စက်တင်ဘာလ ၅ ရက် ယနေ့နံနက် ၁၁ နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

"တိုက်ပွဲက ဆက်တိုက်ပဲ အခုမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။ စစ်ရှောင်တွေက ပြန်လို့မရသေးဘူး။ ရွာတွေနဲ့ လမ်းကြောင်းတစ်လျှောက် စစ်သားတွေပဲဆိုတော့ စစ်ရှောင်တွေကို ထမင်းပို့ဖို့တောင် ခက်နေတယ်။" ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး ယနေ့ထိ နမ္မတူမြို့နယ်တွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဆင်လီကောင်ရာကျေးရွာ၊ မန်ဂျတ်နှင့် ကုန်းကယားရွာများမှ ဒေသခံ စစ်ရှောင် အိမ်ထောင် ၃၀၀ ခန့် နေရပ်မပြန်နိုင်ပဲ ဆက်လက်တိမ်းရှောင်နေကြောင်း သိရသည်။

ထိုစစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ခက်ခဲနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ယခုချိန် KIA တပ်ရင်းရှိ နယ်မြေဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

တစ်ဖက်မှာ KIA ဘက်မှလည်း စစ်တပ်စခန်းများအား သွားရောက်တိုက်ခိုက် ပစ်ခတ်တာတွေ ပြုလုပ်ပြီး မန်တုံ နှင့် နမ္မတူ ဒေသတစ်လျှောက် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်လာပြီ ဖြစ်သည်။

ဒါ့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျေးရွာများထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...