ထီးလင်းမြို့နယ် ပုဏ္ဏားရွာကို စစ်ကောင်စီတပ် မီးရှို့ပြီး ဒေသခံ ၃၀ နီးပါး ဖမ်းဆီးသွား

ထီးလင်းမြို့နယ် ပုဏ္ဏားရွာကို စစ်ကောင်စီတပ် မီးရှို့ပြီး ဒေသခံ ၃၀ နီးပါး ဖမ်းဆီးသွား

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ပြီးနောက် အရပ်သားပြည်သူ ၃၀ လောက်ကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထီးလင်းမြို့နယ်ခန်းမကို ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ်(၅)လုံးကို မီးရှို့ဖျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တဲ့အထဲမှာ ပုဏ္ဏားကျေးရွာ စုရပ်ဆောင်အပါအဝင် ဒေသခံ ဦးပေတိုး၊ ဒေါ်ညိုအေး၊ ဦးထွန်းရီ၊ ဦးငှက်စပ်တို့ရဲ့ နေအိမ်တွေလည်း ပါဝင်သွားတာပါ။

ဒေသခံ တစ်ဦးကတော့ အပြစ်မဲ့ပြည်သူ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးမှုအပေါ် လုံးဝလက်မခံနိုင်သလို အပြင်းအထန် ရှုတ်ချတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တချို့ကို ဝင်ရောက် မွှေနှောက်ပြီးနောက် Faw ကား နှစ်စီးနဲ့ ဆိုင်ကယ်လေးစီးအပြင် အိမ်မွေးတိရစ္ဆာန် တွေကိုလည်း စားသောက်ဖို့အတွက် ဖမ်းဆီး ယူဆောင်သွားတယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းမှာ နေအိမ်၊အဆောက်အဦး ၃၆၀၀၀ ကျော် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ မကွေးတိုင်း ဒေသကြီးက ဒုတိယအအများဆုံး ပါဝင်နေတာပါ။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...