KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လက်အောက်ခံ BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာ

KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လက်အောက်ခံ BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင် KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာပြီး ဒေသခံပြည်သူလူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျုးလွန်နေတယ်လို့ တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၁) ရက်နေ့က နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် (၁၀၀) ကျော်ဟာ အုန်းတောလှေဆိပ်ကနေ တစ်ဆင့် တပ်မဟာ (၅) နယ်မြေအတွင်းကို ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူလူထုတွေကို ခိုင်းစေမှုတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ (၂၃) ရက်နေ့ကလည်း အဲဒီ BGF တပ်ဖွဲ့ဝင်တွေဟာ KNU ဒွယ်လိုးမြို့နယ် မဲပလီကျေးရွာအုပ်စုအတွင်းရှိ လယ်ကွဲအထက် လယ်ကွဲအောက် တခေါ်ခို့ ပိုကျီနဲ့ မဲကုလားရွာတွေက ဒေသခံရွာသားတွေကို ပျဉ်းကတိုးသစ်လုံးတွေကို မဖြစ်မနေ ခုတ်ပေးဖို့ အမိန့်လာတယ်လို့ တပ်မဟာ (၅) က ထုတ်ပြန်ထားပါတယ်။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဟာ ဒေသခံပြည်သူလူထုတွေအပေါ် အတင်းအဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်ခိုင်းတဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ (၂၂) ရက်နေ့က ဖာပွန်-ကမမောင်း ကားလမ်း မိုင်တိုင် (၄၀) ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ BGF-၁၀၁၃ တပ်ဖွဲ့ဝင်တွေက KNU ဘူးသိုမြို့နယ် ဒေညားထါဒေသအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဒေသအတွင်းမှာ စစ်ရေးအင်အားတိုးချဲ့ လာနေတဲ့ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) တပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဆက်လက် ဖြစ်ပွားနေတာပါ။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...