ထားဝယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ထားဝယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ဒေသခံပြည်သူ ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတာ၊ ဖုန်းတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ကာင်စီက ဖမ်းဆီးထားတာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် (၇) လမ်းရှိ ဆေးဆိုင်ပိုင်ရှင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြပြီး နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကိုယ်ဝန် ၆ ကျော် ရှိနေပြီး ဖြစ်တဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

“အခုက ထားဝယ်မှာ အဖမ်းဆီး တော်တော်များလာတယ်၊ လူမသိ သူမသိ ဖမ်းတာတွေလည်း အများကြီးပဲ၊ နေရာတိုင်းမှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမို ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်မြို့အတွင်း လုံခြုံရေးတင်းကြပ်ထားသလို မြို့အဝင်အထွက် နေရာတွေမှာလည်း ပိတ်ဆို့ရှာဖွေတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံပြည်သူ ၅၀၀ နီးပါးကို စစ်ကောင်စီက ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး ချမှတ်ထားတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...