ဖာပွန်တွင် အင်အားထောင်ချီပါသည့် စစ်တပ်စစ်ကြောင်း အထိနာနေ

ဖာပွန်တွင် အင်အားထောင်ချီပါသည့် စစ်တပ်စစ်ကြောင်း အထိနာနေ

ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ ရှေ့မတိုးနိုင်တော့ဘဲ ကျေးရွာများအပေါ် လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ကရင်အရပ်ဖက်အဖွဲ့များက ပြောသည်။

ဖာပွန်-ကမမောင်း ကားလမ်းပိုင်းတစ်လျှောက်ကို ပြန်လည် ထိန်းချုပ်နိုင်ရေးနှင့် ဖာပွန်ဗျူဟာကို စစ်ကူပေးနိုင် ရေးအတွက် စစ်တပ်သည် ပြီးခဲ့သည့် မေလကစတင်ကာ အင်အား ၂,၀၀၀ ကျော်ဖြင့် ကရင်ပြည်၊ ကမမောင်း မြို့မှ စစ်ကြောင်းထိုးလာခဲ့ရာ လက်ရှိတွင် ကတိုင်တိအထက်ဘက်ရှိ ဖာလုံလေးကျေးရွာအနီးသို့ ရောက်ရှိနေ သည်။

စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နှင့် တော်လှန်ရေး အင်အားစုများက ကြားဖြတ် တိုက်ခိုက်နေခြင်းကြောင့် အထိနာနေပြီး ဖာလုံလေးရွာအနီးတွင် ပိတ်မိကာ ရှေ့ဆက်တိုးမရဖြစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ဆိုသည်။

ထိုရက်ပိုင်းအတွင်း စစ်တပ်က အင်အားထပ်ဖြည့်ရန် ကမမောင်းဗျူဟာမှ ကားနှစ်စီးဖြင့် တပ်သားသစ်များ ထပ်မံပို့ဆောင်ခဲ့သည့်အပြင် ရိက္ခာပစ္စည်းများ ပို့ဆောင်နိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

ဖာပွန်ဗျူဟာကို စစ်ကူပေးပို့ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် KNLA တပ်မဟာ ၅ နှင့် တော်လှန်ရေး အင်အားစုတို့၏ တိုက်ခိုက်မှုကြောင့် အရာရှိအဆင့်များအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကာ အလွန် အမင်း အထိနာနေခြင်းကြောင့် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို အပြင်းအထန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကရင်အရပ်ဖက်အဖွဲ့ (KPSN) ၏ ထုတ်ပြန်ချက်အရ စစ်တပ်က ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာနှစ်ရွာအပေါ် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးအဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၀ နီးပါးနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။

KNLA တပ်မဟာ ၅ နှင့် တော်လှန်ရေးအင်အားစုများ ဝန်းရံပိတ်ဆို့ထားသည့် ဖာပွန်ဗျူဟာတွင်လည်း နှစ်ဖက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗျူဟာမကျရေးအတွက် စစ်တပ်က လေကြောင်းပစ်ကူများကို အမြဲတမ်းအသုံးပြုကာ ရိက္ခာပစ္စည်းများကိုပါ လေကြောင်းမှတစ်ဆင့် ချပေးနေရဆဲ ဖြစ်သည်။

ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...