ထားဝယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ထားဝယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ဒေသခံပြည်သူ ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတာ၊ ဖုန်းတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ကာင်စီက ဖမ်းဆီးထားတာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် (၇) လမ်းရှိ ဆေးဆိုင်ပိုင်ရှင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြပြီး နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကိုယ်ဝန် ၆ ကျော် ရှိနေပြီး ဖြစ်တဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

“အခုက ထားဝယ်မှာ အဖမ်းဆီး တော်တော်များလာတယ်၊ လူမသိ သူမသိ ဖမ်းတာတွေလည်း အများကြီးပဲ၊ နေရာတိုင်းမှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမို ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်မြို့အတွင်း လုံခြုံရေးတင်းကြပ်ထားသလို မြို့အဝင်အထွက် နေရာတွေမှာလည်း ပိတ်ဆို့ရှာဖွေတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံပြည်သူ ၅၀၀ နီးပါးကို စစ်ကောင်စီက ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး ချမှတ်ထားတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...