အချိန်ပို သင်ကြားပေးသော ဆရာမများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံ

အချိန်ပို သင်ကြားပေးသော ဆရာမများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံ
ပူတာအိုမြို့ပေါ် ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျေင်း
ပူတာအိုမြို့ပေါ် ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျေင်း

ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စစ်ကောင်စီလက်အောက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် အချိန်ပိုခေါ်သင်ကြားပေးနေသော ဆရာ/မများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

ဩဂုတ်လ မှ ကျောင်းတက်ရောက်နေသည့် ၈ တန်းကျောင်းသားများကို စာသင်နောက်ကျမှုကြောင့် အချိန်ပိုသင်ကြားပေးနေပြီး ကျောင်းသားတစ်ဦးလျှင် ငွေ ၃ ထောင်ကျပ်ကောက်ခံကာ သင်ကြားပေးနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့ မိဘတွေနားလည်ထားတာက အချိန်ပိုဆိုတာက သင်ခန်းစာမပြီးမှာ ကြောက်လို့ ခေါ်သင်တယ်လို့ဘဲ မြင်တယ်။ တစ်ဖက်မှာ ကျောင်းသားတွေဆီက မတရား ငွေညှစ်ယူတယ်လို့ပဲ မြင်ပါတယ်။ ကျောင်းမှာဆိုရင် နားလည်အောင် သင်ကြားပေးဖို့က သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒါက လုံးဝမဖြစ်သင့်ပါဘူး” ဟု ပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများကြား ပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည့် အချိန် ယခုလို အချိန်ပိုသင်ကြားမှု ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံနေခြင်းကို လုံးဝမလုပ်သင့်ကြောင်း သူက ဆက်ပြောသည်။

“ဒီအချိန်က အရမ်းခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဝင်ငွေမရှိဘူး တစ်နေ့လုပ်ကိုင်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ အချိန်မှာ ကျောင်းသားမိဘတွေအတွက်လည်း ပိုပြီး ဝန်ပိစေတယ်။ တစ်ဖက်မှာ မတရားမှုလည်း ရောက်နေတယ်။ နားကြားလို့လည်းမကောင်းဘူး” ဟု ပြောဆိုသည်။

လက်ရှိ ထိုအထက်တန်းကျောင်းတွင် ၈ တန်းကျောင်းသားများ ၂၀၀ ကျော်ဝန်းကျင် တက်ရောက်နေပြီး တစ်ကျောင်းလုံးတွင် ကျောင်းသား ၂ ထောင်ကျော် တက်ရောက်နေသည့် ပူတာအိုမြို့မှ အကြီးဆုံး ကျောင်းတစ်ခုဖြစ်သည်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းတက်ရောက်သည့် ကျောင်းသူ/သားများ နည်းပါးခဲ့သော်လည်း အဆိုပါ ပူတာအို အထက်တန်းကျောင်းတွင် ကျောင်းသား အားလုံးနီးပါး ပုံမှန်အတိုင်း တက်ရောက်နေသည်ဟု သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...