မြစ်ကြီးနား-တနိုင်း ကားလမ်းပျက်စီးနေသဖြင့် ကားသမားအချို့ ကားမထွက်ပဲ ယာယီရပ်နား

မြစ်ကြီးနား-တနိုင်း ကားလမ်းပျက်စီးနေသဖြင့် ကားသမားအချို့ ကားမထွက်ပဲ ယာယီရပ်နား
မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးသွားသည့် မြင်ကွင်း
မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးသွားသည့် မြင်ကွင်း

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာအနီးတွင် ကားလမ်းမကြီး ဆိုးရွားစွာပျက်စီးနေမှုကြောင့် ကုန်ကားများ သွားလာရခက်ခဲသဖြင့် ကားမထွက်ပဲ နားနေရသည်ဟု ကားသမားများထံမှ စုံစမ်းသိရှိရသည်။

မြစ်ကြီးနား-တနိုင်း လီဒိုလမ်းပိုင်းတွင် သြဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရှဒူးဇွပ်ကျေးရွာ နှင့် နောင်းမှီကျေးရွာကြား ၁၀ မိုင်ခန့်အထိ မြေသားလမ်းပျက်စီးနေပြီဟု ကားသမားတစ်ဦးက KNG ကို ပြောဆိုသည်။

''ရှဒူးဇွပ် ပတ်ချာလည်မှာဆိုးတာလမ်းက မိုးရွာလို့ဆိုးတာ ဗွက်တွေအရမ်းထူတယ်ဗျ။ ကားသေးလေး တွေဆိုရင် ဗွပ်နစ်တယ် ကားလည်းမသွားနိုင်ဘူး။ ကားကြီးကားသေး သွားလာရတော့ခက်ခဲတယ်။ တွန်းရဆွဲရ လုပ်နေရတာ လမ်းကတော့။ အတော်ကိုဆိုးတယ် ၊ လမ်းမကောင်းတာ တစ်လနီးပါးရှိတော့မယ်ဗျ'' ဟု ကားသမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လမ်းပိုင်းပျက်စီးနေမှုကြောင့် ကားပျက်စီးမှာကို စိုးရိမ်သဖြင့် ကားသမားများ ကားမထွက်ပဲ နားထားရသည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယခင်က မြစ်ကြီးနားမှ ရှင်ဗွေယန်ထိ တစ်ရက်သာခရီးဖြစ်ခဲ့သော်လည်း လက်ရှိတွင် မြစ်ကြီးနားမှ ရှင်ဗွေယန်သို့ တက်သည့်ကားများမှာ တနိုင်းတွင် ညအိပ်နားရပြီး၊ ရှင်ဗွေယန်မှ ဆင်းလာသည့်ကားများမှာ ရှဒူးဇွပ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ညအိပ်နေရကြောင်း သိရသည်။

ထို့ကြောင့် ပျက်စီးနေသည့် လမ်းပိုင်းနေရာများကို ရပ်ကွက်၊ ကျေးရွာလူကြီးများအနေဖြင့် အမြန်ပြုပြင်ပေးရန် လိုလားကြောင်း ခရီးသည်ယာဉ်မောင်းများ ပြောဆိုနေကြပါသည်။

ကချင်ပြည်နယ်နေရာအချို့တွင် ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုနှင့် လယ်စပါး ပျက်စီးမှုများ ရှိနေဆဲ ဖြစ်သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...