ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်

ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်

ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာအဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ ကို ၁၄ရက်၊ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေမှာ အကျဉ်းချုပ်ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် အခုလို အကျဉ်းချုပ်ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းချင်တဲ့အတွက် မဖြစ်မနေကျင်းပရတာဖြစ်တယ်လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရိုးရာဓလေ့ကို ထိန်းသိမ်းချင်လို့ မြတ်နိုးလို့ ကိုယ့်ရိုးရာဓလေ့မပပျောက်အောင်လို့ ကျနော်တို့ လုပ်တာဖြစ်တယ်။ ကျနော်တို့ ဘယ်လိုအခြေအနေပဲရောက်ရောက် ကျနော်တို့ ရိုးရာဓလေ့ကို ကျနော်တို့ မဖြစ်မနေ ဒီတစ်နှစ်ကို တစ်ခါပဲ ကျရောက်တဲ့ ဒီရိုးရာဓလေ့ကို မဖြစ်မနေ လုပ်ရမယ်။ လုပ်သင့်တယ်။ ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ရအောင် လုပ်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အဲ့ဒိုပေါ်မှီ( ခေါ် ) ဒီးကူပွဲကို အကျဉ်းချုပ်ပြုလုပ်တဲ့အတွက် နှစ်စဉ်ပြုလုပ်နေကျ မီးကျည်လွှတ်တာ၊ ဆွေမျိုးမိတ်ဆွေတွေကို ဖိတ်ခေါ်တာတွေ မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

စိတ်မလုံခြုံမှုကြားထဲကနေ ဒီလို ရိုးရာပွဲကို မဖြစ်မနေကျင်းပခဲ့တာဖြစ်တယ်လို့ ဒေသခံ လူငယ်တစ်ဦးက ဆက်ပြောပါတယ်။

“စိတ်လုံခြုံမှု လုံးဝမရှိဘူး။ စိုးရိမ်စိတ်နဲ့ပဲ လုပ်ရတယ်ပေါ့နော။ ဥပမာကျနော်တို့ ဒီပွဲကို အကျဉ်းချုပ်လုပ်နေရပေမယ့်လည်း စစ်ကောင်စီကနေ သတင်းတွေကြားပြီးတော့ အပေါ်ကနေ လေယာဉ်နဲ့ လာကျဲချမလား။ သို့မဟုတ်ရင် သူတို့ အဝေးပစ် တာဝေးလက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းထုမလား။ ကိုယ်ပွဲလုပ်နေတဲ့အချိန်မှာ လှမ်းထုမလား။ စိတ်မလုံခြုံမှုတွေနဲ့ ကိုယ့်ရဲ့ ရိုးရာဓလေ့ပွဲကို ပြုလုပ်ရတယ်။ ခါတိုင်းနှစ်ဆိုရင် အဲ့ဒီလိုမျိုး စိုးရိမ်စိတ်တွေ လုံးဝမရှိဘူး။ လွှတ်လွှတ်လပ်လပ် ပျော်ပျော်ပါးပါးနဲ့ လုပ်ရတယ်။ ဒီနှစ်ခါကျတော့ စိတ်လုံခြုံမှု လုံးဝမရှိဘူး။ ပြီးတော့ စိုးရိမ်စိတ်အပြည်နဲ့ လုပ်ရတယ်ပေါ့နော။” လို့ ၎င်းက ပြောပါတယ်။

ကယားရိုးရာ အဲ့ဒိုပေါ်မှီ( ခေါ် ) ဒီးကူပွဲကို ရိုးရာဓလေ့အရ နှစ်စဉ် တစ်နှစ်တစ်ကြိမ် ကျေးရွာတစ်ရွာပြီးတစ်ရွာ ကျင်းပလေ့ရှိကြပါတယ်။ ဩဂုတ်လဝက်လောက်မှာ စတင်ပြုလုပ်ကြပြီး အောက်တိုဘာလအထိ အလှည့်ကျ ပြုလုပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့ချိန်မှာလည်း ပွဲကို အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ရပါတယ်။ အခြေအနေအမျိုးမျိုးကြားထဲက ရိုးရာဓလေ့ပွဲကို ပွဲကြီး ကျင်းပပြုလုပ်တာရှိသလို အကျဉ်းချုပ်ပြုလုပ်ပြီး ရိုးရာဓလေ့ မပပျောက်အောင် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...