ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခံရ

ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခံရ

အင်းတော်ကြီးဒေသ ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းကို  ကျောင်းဆက်ဖွင့်နေရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ကြောင်း ကျောင်းသားမိဘတွေဆီကနေ  သိရပါတယ်။

“ မနေ့ည ( ဇူလိုင်၃၁ရက် ) မှာကလေးငါးယောက်ရောက်လာတယ်တဲ့  ကျောင်းနားအိမ်နီးနားတွေကကိုယ့်ရဲ့ရွာသားတွေပဲထင်လို့ဘာမှမပြောတာတဲ့နောက်ပိုင်းကျမှပြောတာ၊ဒီလိုရေးတာကို  မနက်ကျမှာသိတာ ” လို့ပန်းလားကျေးရွာသားတစ်ဦးကပြောပြပါတယ်။

ကျောင်းသူ/သား တစ်ရာကျော် ပညာသင်ကြားနေတဲ့ ကျောင်းနံရံမှာ “  ကျောင်းပိတ် မပိတ်ရင်ပိတ် မပိတ်ရင်ဗုံးခွဲမယ်”  လို့ မှုတ်ဆေးနဲ့ ရေးသွားတာလည်းဖြစ်ပါတယ်။

ဒီလိုခြိမ်းခြောက်မှုက အင်းတော်ကြီးဒေသမှ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း ကျေးရွာသားတွေက ကျောင်းကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပန်းလားကျေးရွာက အင်းတော်ကြီး အင်းမြှီးဒေသမှာရှိတဲ့ ရွာတစ်ခုဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...