ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခံရ

ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခံရ

အင်းတော်ကြီးဒေသ ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းကို  ကျောင်းဆက်ဖွင့်နေရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ကြောင်း ကျောင်းသားမိဘတွေဆီကနေ  သိရပါတယ်။

“ မနေ့ည ( ဇူလိုင်၃၁ရက် ) မှာကလေးငါးယောက်ရောက်လာတယ်တဲ့  ကျောင်းနားအိမ်နီးနားတွေကကိုယ့်ရဲ့ရွာသားတွေပဲထင်လို့ဘာမှမပြောတာတဲ့နောက်ပိုင်းကျမှပြောတာ၊ဒီလိုရေးတာကို  မနက်ကျမှာသိတာ ” လို့ပန်းလားကျေးရွာသားတစ်ဦးကပြောပြပါတယ်။

ကျောင်းသူ/သား တစ်ရာကျော် ပညာသင်ကြားနေတဲ့ ကျောင်းနံရံမှာ “  ကျောင်းပိတ် မပိတ်ရင်ပိတ် မပိတ်ရင်ဗုံးခွဲမယ်”  လို့ မှုတ်ဆေးနဲ့ ရေးသွားတာလည်းဖြစ်ပါတယ်။

ဒီလိုခြိမ်းခြောက်မှုက အင်းတော်ကြီးဒေသမှ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း ကျေးရွာသားတွေက ကျောင်းကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပန်းလားကျေးရွာက အင်းတော်ကြီး အင်းမြှီးဒေသမှာရှိတဲ့ ရွာတစ်ခုဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...