ကရင်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦးရေ ၂,ဝဝဝ ကျော်ရှိဟု စစ်ကောင်စီပညာရေးဌာန ထုတ်ပြန်

ကရင်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦးရေ ၂,ဝဝဝ ကျော်ရှိဟု စစ်ကောင်စီပညာရေးဌာန ထုတ်ပြန်

ကရင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၂,ဝဝဝ ကျော်ရှိသည်ဟု ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီပညာရေးဌာန၏ အောင်စာရင်းထုတ်ပြန်ချက်အရ သိရသည်။

မြို့နယ် ၇ မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅,၃၇၈ ဦးတွင် ၂,၃၉၁ ဦး ဖြေဆိုအောင်မြင်ကြပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် အောင်မြင်မှု ၄၄.၄၆ ရာခိုင်နှုန်းရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ ကျောင်းက ကလေးတွေ အများစုအောင်မြင်ကြတယ်။ အရင်နှစ်ထက် အောင်ချက်တိုးလာတယ်။ စာသင်ကြား ချိန်လည်း နည်းခဲ့တော့ အခက်အခဲများကြီးရင်ဆိုင်ခဲ့ရတာပေါ့နော်။ နိုင်ငံရေးအခြေအနေ စစ်ရေးအခြေ အနေကြားကနေ ပညာသင်ကြားနေကြရတော့ ကလေးတွေ သင်ယူတတ်မြောက်မှုအပိုင်း ခက်ခဲရတယ်” ဟု ကြာအင်းဆိပ်ကြီးဆိပ်ကြီးမြို့နယ် ကျောင်းအုပ်တစ်ဦးက ကေအိုင်စီ ၏သို့ပြောသည်။

မြို့နယ် ၇ မြို့နယ်မှ အခြေအနေအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုမှုမရှိသည့် ကျောင်းသား ကျောင်းသူ ၅ဝဝ ကျော်ရှိခဲ့ပညာရေးတာဝန်ရှိသူများထံမှ သိရှိရသည်။

ပြည်နယ်အဆင့်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုတွင် ကြာအင်းဆိပ်ကြီးမြို့နယ်သည် ၂ဝ၂ဝ၊ ၂ဝ၂၂ တွင် အောင်ချက်အများဆုံးရရှိသည်ဟု စစ်ကောင်စီ ပညာရေးဌာနတာဝန်ရှိသူများက ပြောသည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားကျောင်းသူ ၂ဝ,၆၅၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၅,၈၈၆ ဦး ၂၈.၅ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် ၄၄.၄၆ ရာခိုင်နှုန်းအထိ အောင်မြင်မှုတိုးလာသည်ဟု စစ်ကောင်စီ၏ ပညာရေးဌာနထုတ်ပြန်သည့် စာရင်းများအရ တွေ့ရှိရသည်။

ယနေ့ ထုတ်ပြန်လိုက်သော စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအရ ရန်ကုန်အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခု အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ နိုင်ငံခြားစာစစ်ဌာနအသီးသီး၏ အောင်ချက်မှာ ၄၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ဖော်ပြထားသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...