အခွင့်အရေးဆိုင်ရာ ပိုမိုရရှိရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံကို ဒုက္ခသည်များ တောင်းဆိုခဲ့

အခွင့်အရေးဆိုင်ရာ ပိုမိုရရှိရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံကို ဒုက္ခသည်များ တောင်းဆိုခဲ့

ထိုင်း-မြန်မာနယ်စပ်၊ မယ်လ ဒုက္ခသည်စခန်းကို ဇွန်လ ၉ ရက်နေ့က ရောက်ရှိလာခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဖြစ်သူ မစ္စတာ Derek Chollet ကို ဒုက္ခသည်အခွင့်အရေး ပိုမိုရရှိ ရေး လုပ်ဆောင်ပေးရန်အတွက် တင်ပြတောင်းဆိုခဲ့သည်ဟု တွေ့ဆုံမှုအတွင်းပါဝင်သည့် ဒုက္ခသည်တာဝန်ရှိသူများက ပြောသည်။

နာရီပိုင်းခန့်သာ ရောက်ရှိလာခဲ့သည့် မစ္စတာ Derek Chollet နှင့် ဒုက္ခသည် စခန်းအတွင်းရှိ ဒုက္ခသည်ကော်မတီ တာဝန်ရှိသူများ၊ မွတ်စလင်အမျိုးသမီး အဖွဲ့ဝင်များ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO အစရှိသည့် တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြရာတွင် ယခုလို တင်ပြ တောင်းဆိုမှုများပြု လုပ်ခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်း ဒုဥက္ကဌဖြစ်သူ စောသာကဲက ယခုလိုပြောသည်။

၎င်းက “အမေးအဖြေမျိုးတော့ မလုပ်ခဲ့ဘူး။ ကျနော်တို့ တွေ့ဖြစ်တာ ၁၅မိနစ်လောက်ပဲ ရှိမယ်။ အဲ့မှာ တင်ပြကြတာက အခွင့်အရေးပိုမိုရရှိဖို့၊ ပညာရေး အကူအညီတွေ၊ တတိယနိုင်ငံသွားရောက်ခွင့်တွေ အတွက် အပြောင်းအလဲရှိလာဖို့နဲ့ နေရပ်မပြန်နိုင်သေးတဲ့ ကာလအတွင်း အထောက်အပံ့တွေ ရရှိဖို့ အဲ့ဒါတွေကို တင်ပြခဲ့ကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ တင်ပြခဲ့ခြင်းကို မစ္စတာ Derek Chollet အနေဖြင့် တစ်စုံတစ်ရာ ပြန်လည်ဖြေကြား ပြောဆိုမှုမျိုး မရှိခဲ့သော်လည်း အဆိုပါ တင်ပြ တောင်းဆိုမှုများအပေါ် အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိ သူများကို ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း စောသာကဲ က ဆက်ပြောသည်။

မစ္စတာ Derek Chollet အနေဖြင့် ဒုက္ခသည်စခန်းအတွင်းသို့ လိုက်လံကြည့်ရှုပြီးနောက် ထိုနေ့တွင်ပင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို ဆက်လက် သွားရောက်ခဲ့ပြီး မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် အပါအဝင် ကရင်၊ မွန်နှင့် ရှမ်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့အချို့နှင့် တွေ့ဆုံခဲ့ သေးသည်။

၎င်းတွေ့ဆုံမှုတွင်လည်း နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက နယ်စပ်ဖြတ်ကျော်နိုင်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရေး နှင့် စစ်ဘေးရှောင်များ၏ အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများအပြင် အကူအညီပေးရေးတွင် ၎င်းတို့ ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုပါ တင်ပြဆွေးနွေးခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သူများက ဆိုသည်။

မစ္စတာ Derek Chollet သည် ၎င်း၏ အရှေ့တောင်အာရှ ၃ နိုင်ငံသို့ သွားမည့်ခရီးစဉ်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူသည် စင်္ကာပူနှင့် ဘရူနိုင်းနိုင်ငံများသို့ ဆက်လက် ခရီးထွက်ခွာသွားကာ ခရီးစဉ်အတွင်း မြန်မာ့အရေးသာမက နှစ်နိုင်ငံကြား အခြားကိစ္စများကိုလည်း အာရုံစိုက်မည်ဖြစ်ပြီး စင်္ကာပူတွင် ယခုအပတ်ကုန်၌ ကျင်းပမည့် Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်စဉ် အဆင့်မြင့်အရာရှိများနှင့် မြန်မာ့အရေးဆွေးနွေးကြမည်ဟု သိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...