ပြည်သူတွေကိုမေတ္တာပို့သနေကြောင်းနှင့် ပြည်သူအချင်းချင်း ကူညီကြကာ စည်းလုံးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာကြား

ပြည်သူတွေကိုမေတ္တာပို့သနေကြောင်းနှင့် ပြည်သူအချင်းချင်း ကူညီကြကာ စည်းလုံးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအားလုံးကို မေတ္တာပို့သပေးနေကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်ကူညီရန်လိုကြောင်းနှင့် အားလုံးစည်းလုံးညီညွတ်ကြရန်လိုကြောင်း ဇွန်လ ၁၃ ရက်နေ့ တရားရုံးထုတ်တွင် ပြောကြားခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့  ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှု ငါးမှုထဲမှ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သတ်သည့်အမှု နှစ်မှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင်တရားလိုဘက်က ပြီးခဲ့သည့်ရုံးချိန်းနှစ်ချိန်းစလုံးတွင် မတင်ပြနိုင်ခဲ့သည့် အစိုးရနှင့် ကုမ္ပဏီအကြား ရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သတ်သည့် မြန်မာဘာသာ ပြန်ဆိုထားသည့် စာချုပ်ကို ယခု ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သတ်ပြီး အဂတိအမှု ငါးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါ အမှုများကို အပတ်စဉ်တနင်္လာနေ့တိုင်းနေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး  ရုံးချိန်းတက်ရောက်လာသည့် စွပ်စွဲခံရသူ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...