စစ်တပ်နှင့် ရဲအထိုင်ချ ဝေါလေရဲစခန်း၀င်းအား KLNA /KNDO ပူးပေါင်းတပ်များ ၀င်ရောက်သိမ်းပိုက်

စစ်တပ်နှင့် ရဲအထိုင်ချ ဝေါလေရဲစခန်း၀င်းအား KLNA /KNDO ပူးပေါင်းတပ်များ ၀င်ရောက်သိမ်းပိုက်

မြ၀တီမြို့ တောင်ဘက် ဝေါလေမြိုင် မြို့နယ်ခွဲ စစ်ကောင်စီတပ်နှင့် ရဲစခန်းပူးတွဲ စစ်စခန်းအား ယနေ့ ဇွန်လ ၁၃ ရက် နံနက် အစောပိုင်းတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လူ၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

KNDO သတင်းအရင်းအမြစ်တစ်ခုက ” ဒီမနက် ၄ နာရီ ၀န်းကျင်လောက်မှာ စစ်တပ်နဲ့ရဲအထိုင်ချထားတဲ့ ဝေါလေ ရဲစခန်း ကုန်းပေါ့ ၊ အဲ့ဒီမှာက ရဲ နဲ့ စစ်တပ်တွဲပြီး မြို့အ၀င် တပ်စွဲထားတဲ့ ရဲစခန်း၀င်းပေါ့၊ ပူးပေါင်းအဖွဲ့ တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ၊ လက်နက်အချို့နဲ့ အရှင်မိ ၃ ယောက် လို့တော့ ကနဦး သိထားရတယ်”ဟု ပြောသည်။

နယ်မြေရှင်းလင်းရေးလုပ်ငန်းများပြီးစီးသွားပါက စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်သွားမည်ဟုလည်း ၎င်း သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ ရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးအား အရှင်ဖမ်းဆီးရမိထားသလို အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင်လည်း မြ၀တီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးစစ်ကောင်စီစစ်စခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့တို့က တက်ရောက်သိမ်းခဲ့သလို မတ်လ ၂၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီနယ်ခြား ခံစစ်စခန်းတစ်ခုဖြစ်သည့် မော်ခီးစခန်းကို KNLA/KNDO ပူးပေါင်းတပ်တို့က တက်ရောက်သိမ်းပိုက်ခဲ့သေးသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...