မြန်မာငွေကြေးဖောင်းပွမှုကြောင့် ထိုင်း-မြန်မာနယ်စပ် တရားမဝင် လိုင်စင်မဲ့ကားဝယ်ရောင်းပို့ဆောင်ရေး စျေးကွက် ပျက်လုနီးပါးဖြစ်

မြန်မာငွေကြေးဖောင်းပွမှုကြောင့် ထိုင်း-မြန်မာနယ်စပ် တရားမဝင် လိုင်စင်မဲ့ကားဝယ်ရောင်းပို့ဆောင်ရေး စျေးကွက် ပျက်လုနီးပါးဖြစ်

မြန်မာငွေကြေးအဆမတန်ဖောင်းပွလာမှုကြောင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ တရားမဝင် လိုင်စင်မဲ့ ကားရောင်းဝယ်ပို့ဆောင်သည့် စျေးကွက်ပျက်လုနီးပါးဖြစ်နေကြောင်း ဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

မြဝတီမြို့တွင် တဖက်နိုင်ငံမှ တရားမဝင် ကမ်းကူးတင်သွင်းလာသည့် လိုင်စင်မဲ့ကား များကို အရောင်းအဝယ်ပြုလုပ်ရာတွင် မြန်မာနိုင်ငံ၏ အဆမတန်ငွေကြေးတန်ဖိုး ဖောင်းပွလာမှုကြောင့် စျေးကွက်ပျက်လုနီးပါးဖြစ်နေပြီး ကားရောင်းဝယ်လုပ်ကိုင်သူများ အခက်ကြုံနေကြရကြောင်း ကားဝယ်ရောင်း လုပ်ကိုင်နေသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက ” တစ်စီးရောင်းပြီးတာနဲ့တစ်စီးပြန်ရှာဖို့ကမလွယ်ဘူး။ ပြီးရင် ထိုင်းဘတ်ငွေစျေးတွေကလည်း တက်နေတယ်။ ကုန်လမ်းကြောင်းတွေပိတ်တဲ့အတွက် ဘတ်(ထိုင်းငွေကြေး)စျေးတွေလည်း ထိုးတက်နေတယ်။ အရင် က ကားတစ်စီး တန်ဖိုးထက် ၂ ဆပိုတက်လာတယ်။ ရှင်းရှင်းပြောရင် ကျနော်တို့ အရင်ကရောင်းလိုက်တဲ့ စျေးကို အခုပြန်ဝယ်လို့မရတော့ဘူး။ အရင်က ကျနော်တို့ရောင်းလိုက်တဲ့စျေးထက် နှစ်ဆပိုတက်တယ်။ ကျနော်တို့ ရောင်းတဲ့စျေးကို ကျနော်တို့ပြန်ဝယ်လို့မရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က ထိုင်း−မြန်မာနယ်စပ်ရှိ လိုင်စင်မဲ့ကားများကို နယ်ခြားစောင့်တပ်-BGFနှင့် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များမှ လက်ဝါးကြီးအုပ်ထားပြီးလိုင်စင်မဲ့ကားထားရှိသည့် ဂိတ်နှင့်ခြံဝန်းပေါင်း အခု ၂၀ ထက်မ နည်းရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းဂိတ်များတွင် ကားအရောင်းအဝယ်မဖြစ်သောကြောင့် ကားများကို ၎င်းခြံဝန်းထဲမှာပင် ထိန်းသိမ်းထားရှိထားပြီး ယခင်နှစ်များတွင်မူ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြစ်ကြီးနား အစရှိသည့် မြို့ကြီးများကို ပို့ဆောင်ပေးလျက်ရှိကြောင်း ကားပွဲစားများထံမှ သိရသည်။

အလားတူ ထိုသို့ ပို့ဆောင်ပေးရာတွင်လည်း လမ်းကြောင်းများတွင် အဖမ်းအဆီးအစစ် အဆေးများသောကြောင့် ၎င်းအတွက် ကားတန်ဖိုးအပေါ်မူတည်ပြီး စစ်ဆေးရေး ဂိတ်များ ကို တရားမဝင်ဂိတ်ကြေးများပေး၍ ပို့ဆောင်ပေးရသည့်အတွက် စျေးအဆမတန်ပိုတက် လာသောကြောင့် တွက်ခြေမကိုက်တော့ဘဲ လိုင်းစင်မဲ့ကားစျေးကွက်ပျက်လုနီးပါးဖြစ် နေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ဆိုသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...