ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦးကို ကွပ်မျက်ရန် စကစ က ဆုံးဖြတ်လိုက်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦးကို ကွပ်မျက်ရန် စကစ က ဆုံးဖြတ်လိုက်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဇွန်လ ၆ရက် နေ့တွင် ထုတ်ပြန်သည်။

"ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချသည်" ဟု ရေးသားထားသည်။

ထို့အပြင် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် က တောင်းဆိုထားသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦး၏ သေဒဏ်ကိုအတည်ပြုကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်နှင့် ပက်သက်ပြီး နောင်တစ်ချိန်တွင် ခွင့်မလွှတ်နိုင်သည့် အမှားမျိုး ရှောင်ရှားနိုင်ရန် ဆန္ဒပြုကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးထားသလို၊ တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိ ရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို လေးစားပြီး ဆက်လက်ထောက်ခံမည်ဖြစ်ပြီး၊ စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြင်သစ်သံရုံးကလည်းထုတ်ပြန်ထားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...