အာဏာသိမ်းပြီး တစ်နှစ်နဲ့ လေးလအတွင်း ကရင်နီပြည်မှာ နေအိမ် တစ်ထောင်ကျော် ဖျက်ဆီးခံရမှုရှိလာ

အာဏာသိမ်းပြီး တစ်နှစ်နဲ့ လေးလအတွင်း ကရင်နီပြည်မှာ နေအိမ် တစ်ထောင်ကျော် ဖျက်ဆီးခံရမှုရှိလာ

လဲသျို့ — စစ်ကောင်စီက အာဏာသိမ်းပြီး တစ်နှစ်နဲ့ လေးလအတွင်း ကရင်နီပြည်မှာ နေအိမ် ၁၀၉၃ လုံး ဖျက်စီးခံရသွားပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇွန်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နေအိမ်ပျက်စီးသွားတာဟာ ဒီးမော့ဆိုမြို့နယ်က အများဆုံးဖြစ်ပြီး အရေအတွက် အားဖြင့် ၅၀၀ကျော် ရှိတယ်လို့ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ တိုက်ပွဲဖြစ်ပွားမှုပိုများတဲ့ မြို့နယ်ဖြစ်တဲ့အတွက် အခုလို နေအိမ်ပျက်စီးမှုများတာ ဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ စစ်မြေပြင်မှာ ကျနော်တို့ မြင်သလောက်ဆိုရင် တိုက်ပွဲတွေ ပိုပြီးစိတ်တယ်ပေါ့နော။ တခြားပြည်နယ်တွေ ထက်စာရင် နောက်ပြီးတော့ နောက်တစ်ခုက ဒီးမော့ဆိုမြို့ နယ်မှာရှိတဲ့ ကျေးရွာတွေက တစ်ဆက် တစ်စပ်တည်း ဖြစ်တော့လေ တိုက်ပွဲဖြစ်ရင် တစ်ကြောလုံးဖြစ်တယ်ပေါ့နော။ ဆိုလိုချင်တာက နန်းမယ်ခုံကနေ ဟိုး ဒေါငံခါးအထိက ကျေးရွာ တစ်ဆက်တည်းပေါ့နော။ ကျေးရွာ နှစ်ဆယ်လောက်က ဆက်စပ်နေတယ်လေ။ အဲ့လိုမျိုး တစ်ဖက် တစ်ကြောလုံး တိုက်ပွဲဖြစ်တော့ အဲ့ဒီတစ်ကြောလုံး အိမ်တွေ ဘုရားကျောင်းတွေ ပျက်စီးတာတွေ ဖြစ်သွားတာပေါ့။ အဲ့ဒါကြောင့် အများကြီး ပျက်စီးသွားတာ ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြေပြင်မှာ ကိုယ်တိုင် သွားရောက်အချက်အလက်ကောက်ယူတာတွေ မြေပြင်မသွားနိုင်တဲ့ နေရာတွေကို ဖုန်းနဲ့ ဆက်သွယ်တာတွေ ပြုလုပ်ပြီး အချက်အလက်စုဆောင်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ ဘာသာရေးအဆောက်အအုံ ၂၀လုံးလဲ ထိခိုက်ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးရင်းနဲ့ မီးရှို့ဖျက်စီးတာတွေ ပြုလုပ်လေ့ရှိပါတယ်။

ထုတ်ပြန်ချက်ထဲမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူ ( ၂၃၉ ) ဦး ၊ စစ်ရှောင်ရင်း သေဆုံးသူ ( ၂၆ )ဦး၊ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ (၂၃၅) ဦး၊ ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၂၀)လုံး၊ ပျက်စီးသွားသည့်အိမ် (၁၀၉၃) လုံး၊ KNDF/PDF/KA ကျဆုံးသူ (၁၂၈ ) ဦး၊ တိုက်ပွဲအကြိမ်အရေတွက် ( ၃၁၈ ) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၁၂၃ )ကြိမ်၊ စစ်ကောင်စီ သေဆုံးသူ (၁၂၂၇) ဦး၊ စစ်ကောင်စီ ယာဥ်တန်ပျက်စီးမှု (၅၀) စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...