မြဝတီမြို့ ရပ်ကွက်အနိမ့်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ မြို့ခံအချို့ စာသင်ကျောင်းများတွင် ယာယီရွှေ့ပြောင်းနေရ

မြဝတီမြို့ ရပ်ကွက်အနိမ့်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ မြို့ခံအချို့ စာသင်ကျောင်းများတွင် ယာယီရွှေ့ပြောင်းနေရ

မိုးအဆက်မပြတ် ရွာသွန်း၍ သောင်ရင်းမြစ်ရေ တိုးဝင်လာခြင်းကြောင့် မြဝတီမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့်အ တွက် ပြည်သူအချို့ စာသင်ကျောင်းများတွင် ယာယီရွှေ့ပြောင်း နေထိုင်ကြရသည်ဟု သိရသည်။

မြဝတီမြို့နယ် အမှတ် ၃ ရပ်ကွက် ငှက်ပျောတောနှင့် ကျွန်းတောလမ်းများဘက်တွင်  မေလ ၂၀ရက်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေအနိမ့်ပိုင်းရှိ စကိတ်ကွင်းအနောက်ဘက်ခြမ်း ရပ်ကွက်များတွင် အိမ်ခြေ ၇ အိမ်ခန့် နစ်မြှုပ်နေ၍ ရပ်ကွက်နေ ပြည်သူအချို့ နီးစပ်ရာစာသင်ကျောင်းများတွင် ရွှေ့ပြောင်းခိုလှုံနေကြရသည်ဟု ရေဘေးသင့် ပြည်သူတစ်ဦးက ပြောသည်။

၎င်းက” အိမ်တော့တော်တော်မြှုပ်သွားပြီ။ အောက်ထပ်မှာကလုံးဝမရတော့ဘူး ၊ ကျနော်တို့အိမ်နဲ့ အနောက်တန်းလျားတွေကအစမြှုပ်တယ်။ တန်းလျားကလူတွေကတော့ စာသင်ကျောင်းကိုပြောင်းသွားကြပြီး အခုအိမ်မှာ ရေက ပေါင်လောက်ရှိနေပြီ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ယခုလို မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဒေါနအရှေ့ဘက်ခြမ်းရှိ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင် ခိုလှုံနေကြရသည့် သောင်းနှင့်ချီသော စစ်ဘေးရှောင်များသည်လည်း နေရာထိုင်ခင်းနှင့် စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရှိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...