စစ်ကောင်စီ ဒုတပ်ရင်းမှူး သေ့ဘောဘိုးတိုက်ပွဲတွင် ကျဆုံး၊ လေယာဉ်ဗုံးကြဲ၍ ဘုရားကျောင်းပျက်စီး

စစ်ကောင်စီ ဒုတပ်ရင်းမှူး သေ့ဘောဘိုးတိုက်ပွဲတွင် ကျဆုံး၊ လေယာဉ်ဗုံးကြဲ၍ ဘုရားကျောင်းပျက်စီး

မြ၀တီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၈ရက် က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြီး နေရာရှင်းလင်းစဉ် စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်း (ခလရ-၃၂) ဒုတပ်ရင်းမှူးအဆင့်ရှိသူကို သေဆုံးလျက် တွေ့ရှိရသည်ဟု ပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက အဆိုပါစခန်းကို သိမ်းယူအပြီး စခန်းတက်ရောက်ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၆ဦးကို စစ်သုံ့ပန်းအနေဖြင့် ဖမ်းဆီးခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသူများကို လိုက်လံရှာဖွေရာ စခန်းအနီး တောအုပ် တစ်နေရာတွင် ခလရ-၃၂ ဒုရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အဆိုပါပူးပေါင်းတပ်ဖွဲ့ နှင့် နီးစပ်သူက ယခုလို ပြောသည်။

၎င်းက “စခန်းတက်ရှင်းရင်းနဲ့ စခန်းအပြင်ဘက်မှာ တောထဲမှာသွားတွေ့တာ။ ပြေးရင်းနဲ့ သူများ ဆော်(ပစ်)ထည့်လိုက် တာ။”ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကျည်ဆံ အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ ဘက်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂)စီး၊ ဗုံးကြဲ‌လေယာဉ်အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁)စီးကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း ၎င်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူ Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယင်းသို့ လေကြောင်းပစ်ကူ တိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာသားများမှာ ဘေး လွတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ခရစ်ယာန်ဘုရားကျောင်းတစ်လုံး အပါအဝင် စာသင် ကျောင်းများနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။

သေ့ဘောဘိုး တိုက်ပွဲအပြီး ဖမ်းဆီးရမိသူများတွင် တပ်ကြပ်ကြီးအဆင့် (၂)ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်ပြီး ထိခိုက်သေဆုံးမှုစာရင်း အတိအကျကိုမူ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ် ပြန်ခဲ့သည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...