သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းအား KNLA /KNDO ပူးပေါင်းတပ်များ သိမ်းပိုက်

သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းအား KNLA /KNDO ပူးပေါင်းတပ်များ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ သေ့ဘောဘိုးစခန်းအား မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များက တက်ရောက်သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

KNLA/ KNDO ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက “သုံးနာရီကျော်လောက်မှာ သူတို့ တက်သိမ်းလိုက်တာ။ အကုန်လုံးတက်ရှင်းလိုက်ပါပြီ။ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားသိရသေးဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာက ရွာထဲမှာပဲ ကြဲချတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

မေလ ၁၈ ရက် နံနက်ပိုင်းက သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်နှင့် KNLA / KNDO ပူးပေါင်းတပ်များအကြား တိုက်ပွဲစတင်ဖြစ်ပွားနေပြီး သေ့ဘောဘိုးစခန်းအား မွန်းလွဲပိုင်းမှသာ KNLA ပူးပေါင်းအဖွဲ့များဘက်က တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီ လေကြောင်းမှ ကင်းထောက် လေယာဉ်ဖြင့် ကင်းထောက်ပေးနေပြီး ဂျက်တိုက် လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲနေသဖြင့် မြေပြင်တွင် သေ့ဘောဘိုး၊ ဥုကလိထ၊ ဘလယ်ဒို ဒေသခံများမှာ ထိုင်းနိုင်ဘက်အခြမ်းသို့ အရေးပေါ် စစ်ဘေးရှောင်နေကြရကြောင်း မြေပြင်သတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။

ထို့အပြင် မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာတွင် စစ်ကောင်စီတပ်မှ လေယာဉ် ၃ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သကဲ့သို့ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီ စစ်ရဟတ်ယာဉ် ၂ စင်း လာရောက်စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...