အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအနီးမှာ ခရီးသည်တင်ယာဉ်လိုင်းတစ်စီးဓားပြတိုက်ခံရ

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအနီးမှာ ခရီးသည်တင်ယာဉ်လိုင်းတစ်စီးဓားပြတိုက်ခံရ

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးမှာ သစ္စာလှိုင် ခရီးသည်တင်ယာဉ်လိုင်းက ကားတစ်စီး ဓားပြတိုက်ခံရလို့ ဖုန်းနဲ့ ပိုက်ဆံတွေပါသွားတယ်လို့သိရပါတယ်။

အင်းတော် PDF အဖွဲ့က  ညပိုင်းအချိန်တွေမှာ PDF အယောက်အယောင်ပြီး ကုန်ကားနဲ့ ခရီးသည်တင်တဲ့ ကားတွေဆီ ပိုက်ဆံတောင်းတာ ၊ ဖုန်းတွေနဲ့တခြား တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဓားပြတိုက်ခံရတာတွေဖြစ်ပေါ်နေတယ်လို့ သတိပေးထားပါတယ်။

မနေ့က မေလ ၁၃ ရက်နေ့နေ့လည်ပိုင်းမှာ Indaw Revolution အဖွဲ့က သတိပေးပြီး ညပိုင်းမှာပဲ သစ္စာလှိုင် ခရီးသည်တင်ကား ဓားပြတိုက်ခံရတာလည်းဖြစ်ပါတယ်။

ဓားပြတိုက်ခံရရင် အနည်းဆုံး ၂သိန်းမှ အများဆုံး သိန်း၂၀ထိဓားပြတိုက်ယူပြီး ဖုန်းတွေပါ လုယူကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။

ကျောင်းကုန်း-အင်းတော်-နန့်စီးအောင်လမ်းပိုင်းနှင့် အင်းတော်-ဗန်းမောက် ကားလမ်းပိုင်းကို မေလ (၁၄) ရက်နေ့မှစပြီး ညပိုင်းအချိန်တွေ  အတတ်နိုင်ဆုံး ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

အင်းတော်မြို့နယ်ထဲက အင်းတော်-နန့်စီးအောင် လမ်းအသုံးပြုခကောက်ခံနေသည့် နတ်မဟုတ်ကြီးရွာအနီးက မောင်းတံဂိတ်မှာ ပိုက်ဆံကောက်သူ လေးဦး ဧပြီလ ၃ ရက်နေ့မှာ ပစ်သတ်ခံရမှုတစ်ခုလည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...