အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအနီးမှာ ခရီးသည်တင်ယာဉ်လိုင်းတစ်စီးဓားပြတိုက်ခံရ

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာအနီးမှာ ခရီးသည်တင်ယာဉ်လိုင်းတစ်စီးဓားပြတိုက်ခံရ

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးမှာ သစ္စာလှိုင် ခရီးသည်တင်ယာဉ်လိုင်းက ကားတစ်စီး ဓားပြတိုက်ခံရလို့ ဖုန်းနဲ့ ပိုက်ဆံတွေပါသွားတယ်လို့သိရပါတယ်။

အင်းတော် PDF အဖွဲ့က  ညပိုင်းအချိန်တွေမှာ PDF အယောက်အယောင်ပြီး ကုန်ကားနဲ့ ခရီးသည်တင်တဲ့ ကားတွေဆီ ပိုက်ဆံတောင်းတာ ၊ ဖုန်းတွေနဲ့တခြား တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဓားပြတိုက်ခံရတာတွေဖြစ်ပေါ်နေတယ်လို့ သတိပေးထားပါတယ်။

မနေ့က မေလ ၁၃ ရက်နေ့နေ့လည်ပိုင်းမှာ Indaw Revolution အဖွဲ့က သတိပေးပြီး ညပိုင်းမှာပဲ သစ္စာလှိုင် ခရီးသည်တင်ကား ဓားပြတိုက်ခံရတာလည်းဖြစ်ပါတယ်။

ဓားပြတိုက်ခံရရင် အနည်းဆုံး ၂သိန်းမှ အများဆုံး သိန်း၂၀ထိဓားပြတိုက်ယူပြီး ဖုန်းတွေပါ လုယူကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။

ကျောင်းကုန်း-အင်းတော်-နန့်စီးအောင်လမ်းပိုင်းနှင့် အင်းတော်-ဗန်းမောက် ကားလမ်းပိုင်းကို မေလ (၁၄) ရက်နေ့မှစပြီး ညပိုင်းအချိန်တွေ  အတတ်နိုင်ဆုံး ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

အင်းတော်မြို့နယ်ထဲက အင်းတော်-နန့်စီးအောင် လမ်းအသုံးပြုခကောက်ခံနေသည့် နတ်မဟုတ်ကြီးရွာအနီးက မောင်းတံဂိတ်မှာ ပိုက်ဆံကောက်သူ လေးဦး ဧပြီလ ၃ ရက်နေ့မှာ ပစ်သတ်ခံရမှုတစ်ခုလည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...