KNU တပ်မဟာ ၅ တွင် ဧပြီလအတွင်း တိုက်ပွဲ ၃၀၀ ကျော်တွင် စစ်ကောင်စီ ၂၀၀ နီးပါးနှင့် KNLA ၃ ဦးကျဆုံး

KNU တပ်မဟာ ၅ တွင် ဧပြီလအတွင်း တိုက်ပွဲ ၃၀၀ ကျော်တွင် စစ်ကောင်စီ ၂၀၀ နီးပါးနှင့် KNLA ၃ ဦးကျဆုံး

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၌ ဧပြီလတစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၂၀၀ နီးပါးနှင့် KNLA ဘက်က ၃ ဦးကျဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည့် လစဉ်တိုက်ပွဲစာရင်းချုပ်အရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် တပ် (BGF) ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဧပြီလအတွင်း တိုက်ပွဲပေါင်း (၃၈၃) ကြိမ်ဖြစ်ပွားခဲ့ ရာတွင် စစ်ကောင်စီဘက်မှ ၁၇၃ ဦးသေဆုံးကာ ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒု-တပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် တပ်ကြပ်အဆင့်တစ်ဦးပါဝင်ကြောင်းနှင့် KNLA ဘက်တွင်မူ ၃ ဦးကျဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ အသုံးပြုသည့် ထောက်ပို့တံတား ၃ စင်း၊ ထောက်ပို့ယာဉ် (၄)စီး၊ လက်နက်သိုလှောင်ရုံ (၂)လုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုဖြင့် ပြန်လည်တုန့်ပြန်ရာတွင် ဗုံး ၇ လုံးလာရောက် ကြဲချခဲ့သလို လက်နက်ကြီးဖြင့် ၆၁၄ ကြိမ်ပစ်ခတ်ခဲ့ကြောင်းလည်း KNU တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ ယခုဧပြီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ပြီးခဲ့သည့် မတ်လထက် တိုက်ပွဲအကြိမ်ရေပိုများသလို စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှု ပိုများသည်ကို တွေ့ရှိရသည်။ မတ်လအတွင်း တိုက်ပွဲပေါင်း (၃၅၉) ကြိမ်ဖြစ်ပွားရာတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်ပေါင်း (၁၁၈) ဦး သေဆုံးခဲ့ကြောင်း ယခင်လ KNU တပ်မဟာ (၅)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...