ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဝင်းရော်ဒေသခံများ ပြန်လည်လွတ်မြောက်လာ

ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဝင်းရော်ဒေသခံများ ပြန်လည်လွတ်မြောက်လာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က ကျေးရွာများတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှ ပေါ်တာအထမ်းသမားအဖြစ် ဖမ်းဆီးဆောင်ခြင်းခံရသည့် ဒေသခံအရပ်သား ၄ဝ ကျော် ယခုအားလုံးပြန်လည်လွတ်မြောက်လာပြီဟု ရွာသားများထံမှ သိရသည်။

တောင်ညိုတောင်တန်း၏ တောင်ခြေတွင် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသည့်  ခလယ်၊ နောင်းဒေ့၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် အခြားကျေးရွာမှ ဒေသခံများကို စစ်တပ်မှ ပေါတာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ လမ်းပြအဖြစ်နှင့် အထုပ်လက်နက်ကြီးများ အဓမ္မထမ်းစေခိုင်းပြီး ၎င်းတို့ခြေကုပ်နေရာယူထားသည့် တံခွန်တိုင်ရဲစခန်းသို့ ခေါ်ဆောင်ပြီးနောက် ဧပြီ ၂၅ ရက်နေ့ ည ၁ဝ နာရီ အချိန်တွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ရွာထဲကိုဆင်းနေရင်းလမ်းမမှာ ဖမ်းခံရတယ်။ ဆန်အိတ်တွေ ကျည်ဆံတွေ လက်နက်တွေ ပေးထမ်းတယ်။ သူတို့က ၃ ဖွဲ့ခွဲထားတယ်။ ရှေ့ လည် နောက်ကြားမှာ ကျနော်တို့ကို ကြားညှပ်ပေးနေတယ်။ အခြားရွာကလူတွေရော အယောက် ၄ဝ လောက်ရှိမယ်။ တံခွန်တိုင်ရဲစခန်းအထိ ပို့ပေးပြီးမှ ညအချိန်မှာ ပြန်လွှတ်ပေးတယ်” ဟု ဖမ်းခံခဲ့ရသည့် ဝင်းရော်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တံခွန်တိုင်ရွာ ရဲစခန်းဝင်းတွင် ခြေကုပ်နေရာ ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၃ ရက်နေ့တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တံခွန်တိုင်ရွာမှ အမျိုသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး အခြားဒေသခံ ၂  ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝင်းရော်ဒေသရှိ ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဌာနေလူထု ၃,ဝဝဝ နီးပါး ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး ဧပြီ ၂၃ ရက်မှ ၂၈ ရက်နေ့ ညအထိ နေ့စဉ်ပစ်ခတ်မှု ရှိနေသေးသည့်အတွက် စစ်ရှောင်ဒေသခံများ ထပ်တိုးလာနေလျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေးများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...