မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား

မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ခရီးသည် တင်မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြန်လုပ်ရန် သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူးတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယမန်နေ့ ရက်စွဲဖြင့် ညွှန်ကြားစာထုတ်လိုက်သည်။

ကေအဲန်ယူ အမှတ် ၆၊ အမှတ် ၇ တပ်မဟာမှူးများထံ ပေးပို့သည့် ၎င်းညွှန်ကြားစာကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ညွှန်ကြားထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု စာတွင် ဖော်ပြထားသည်။

ကေအဲန်ယူတပ်မဟာ ၇မှ အရာရှိတစ်ဦးက ” စာက အမှန်ပဲနော်။ ဒါက အီးစီဆုံးဖြတ်ချက်နဲ့ ညွှန်ကြားတာဖြစ်ပါတယ်။ အထက်က ဆုံးဖြတ်ချက်ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။

ထိုညွှန်ကြားချက်အား လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်ဟုလည်း KNLA စစ်ဦးစီးချုပ်၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...