မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား

မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ခရီးသည် တင်မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြန်လုပ်ရန် သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူးတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယမန်နေ့ ရက်စွဲဖြင့် ညွှန်ကြားစာထုတ်လိုက်သည်။

ကေအဲန်ယူ အမှတ် ၆၊ အမှတ် ၇ တပ်မဟာမှူးများထံ ပေးပို့သည့် ၎င်းညွှန်ကြားစာကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ညွှန်ကြားထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု စာတွင် ဖော်ပြထားသည်။

ကေအဲန်ယူတပ်မဟာ ၇မှ အရာရှိတစ်ဦးက ” စာက အမှန်ပဲနော်။ ဒါက အီးစီဆုံးဖြတ်ချက်နဲ့ ညွှန်ကြားတာဖြစ်ပါတယ်။ အထက်က ဆုံးဖြတ်ချက်ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။

ထိုညွှန်ကြားချက်အား လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်ဟုလည်း KNLA စစ်ဦးစီးချုပ်၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...