ဖယ်ခုံမြို့နယ် PDF သင်တန်းဆင်း အခမ်းအနား လက်နက်ကြီးပစ်ခံရ

ဖယ်ခုံမြို့နယ် PDF သင်တန်းဆင်း အခမ်းအနား လက်နက်ကြီးပစ်ခံရ

သျှမ်းပြည်တောင်းပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း (၂) မှ သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် စစ်ကောင်စီဘက်မှ  လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီ ၁၈)ရက်  မနက် ၉ နာရီခွဲကျော်တွင် ဖယ်ခုံ  PDF တပ်ရင်း (၂) သင်တန်းဆင်းပွဲ အခမ်းအနားလုပ်ချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်သွားကြောင်းသိရသည်။

“ ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ ထွေအုပ်ရုံးကနေပစ်သွားတာ။ PDF တွေက အခမ်းအနားလား၊ သင်တန်းဆင်းပွဲလုပ်နေတဲ့အချိန်မှာ စစ်ကောင်စီက လှမ်းပစ်သွားတာ။ ထွေအုပ်ရုံးကနေ ပစ်သွားတာ။ လက်နက်ကြီးနဲ့ ပစ်တာ။ ၁၂၀ မမ နဲ့ ပစ်သွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက PDF တပ်ရင်းတို့ သင်တန်းဆင်းပွဲနေရာကို လက်နက်ကြီးဖြင့် (၄) ချက်ပစ်သွားပြီး လူသူထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်းသိရသည်။

“ (၄) ချက်ပစ်သွားတာ။ အခုချိန်ထိတော့ ထိခိုက်မှုရှိလား။ မရှိဘူးလားတော့ အသေးစိတ်မသိရသေးဘူး။ စောင့်ကြည့် နေသေးတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ဖယ်ခုံမြို့သည် စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ခဲ့ပြီး ယနေ့ (ဧပြီ ၁၈)ရက်တွင် စစ်ကောင်စီမှ လက်နက်စတင်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...